DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒေသကို လူသားချင်းစာနာသည့် အကူညီများ ပေးမည်ဟု ထိုင်းအစိုးရပြော
DVB
·
September 15, 2017
ရခိုင်ဒေသကို လူသားချင်းစာနာသည့် အကူညီများ ပေးမည်ဟု ထိုင်းအစိုးရပြော
Donate to DVB

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက ရခိုင်ဒေသကို အာဆီယံအသိုင်းအဝိုင်းကနေ လူသားချင်းစာနာတဲ့ အကူအညီတွေ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး၊ တချိန်တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ကို သဘောတူကြောင်း ထိုင်းသတင်းအေဂျင်စီက ထုတ်ပြန်သွားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံထဲက ရခိုင်ဒေသမှာ လတ်တလော အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ အထူးသဖြင့် ပြည်နယ်တွင်းက ထိခိုက်ဆုံးရှုံးရသူတွေကို စာနာကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၄ ရက်နေ့က သတင်းထောက်တွေကို ပြောတာပါ။

ရခိုင်ပြည်နယ်ကို လူသားချင်း စာနာတဲ့အကူအညီတွေ ထောက်ပံ့ဖို့ကလည်း အာဆီယံအသိုက်အဝန်းအတွက် အဆောတလျင် ဆောင်ရွက်ရမယ့်ကိစ္စလို့လည်း ဆိုပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ရဲ့ အဖွဲ့ဝင်နိုင်ငံတခုအနေနဲ့ ထိုင်းနိုင်ငံဟာ မြန်မာပြည်က ရခိုင်အရေးအတွက် အာဆီယံအဖွဲ့ကြီးကနေတဆင့် လူသားချင်းစာနာကူညီတဲ့ အထောက်အပံ့တွေ ပေးသွားမှာဖြစ်ပြီး အာဆီယံပါ ပါဝင်တဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေကို သင့်တော်တဲ့ပုံစံတခုကိုလည်း မကြာခင်မှာ ဆွေးနွေးသွားဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013