DVB Logo
Home
မြန်မာသတင်း
ခန္တီးကနေ နန်စီပွန်ဒေသကိုပို့မည့် ဆန်နှင့်ဆီများအား ပိတ်ပင်ကန့်သတ်
DVB
·
September 14, 2017
ခန္တီးကနေ နန်စီပွန်ဒေသကိုပို့မည့် ဆန်နှင့်ဆီများအား ပိတ်ပင်ကန့်သတ်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်ကနေ နန်စီပွန်နဲ့ တနိုင်းဒေသဘက်ကို ဆန်အပါအ၀င် စားသောက်ကုန်တွေနဲ့ စက်သုံးဆီတွေ အများအပြားသယ်ယူခွင့်မပေးတော့ဘဲ ဒီကနေ့ကစပြီး ပိတ်ပင်လိုက်ပါတယ်။

စားဖို့အတွက် တအိတ်စနှစ်စသယ်ယူခွင့်ပေးပေမယ့် အများအပြား သယ်ယူခွင်မပေး တာဖြစ်ပြီး ဒါဟာဒေသလုံခြုံရေးအတွက် ပိတ်ပင်လိုက်တာဖြစ်တယ်လို့ ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ပြောပါတယ်။

“ပိတ်တယ်ဆိုတာ ဒါက ဒေသလုံခြုံရေးအတွက်ပါ။ ဒေသက သူတို့ဝမ်းစာအတွက် တအိတ် စနှစ်အိတ်စအတွက်သယ်တာကို ပိတ်တာမဟုတ်ဘူး။ အင်နဲ့အားနဲ့ ပွင့်ပွင့်လင်း လင်းပြောရရင် တဖက်အဖွဲ့အစည်း ကေအိုင်အေဘက်ကို ရောက်သွားမှာ စိုးလို့ ထိန်းထားတာ။ နယ်မြေလုံခြုံရေး အရ ထိန်းထားတာ။ နန်းစီပွန်က ဖားလမုန်းလမ်းကနေ ကေအိုင်အေဘက်ကို သွားလို့ရပြီလေ။ ကေအိုင်အေတဖက်အဖွဲ့အစည်းဘက်ကို ရောက်သွားမှာစိုးလို့ တပ်ကနေပြီး လုံခြုံရေးယူပြီး ထိန်းပေးထားတာ။”

ခန္တီးကနေ နန်စီပွန်ကျေးရွာဘက်သယ်မယ့်ဆန်၊ စက်သုံးဆီနဲ့ စားသောက်ကုန်တွေကို ဒီကနေ့မှ စပြီး စတင်ပိတ်ပင်လိုက်တာဖြစ်ပြီး ခန္တီးကနေ ပဒူးမုန်းဘက်ကိုတော့လွန်ခဲ့တဲ့ တပတ်လောက်ကတည်းကစပြီး အခုလို့ ကန့်သတ်ပိတ်ပင်လိုက်တာလို့လည်း ဦးခင်မောင်ဆင့်က ပြောပါတယ်။

ဒီလိုကန့်သတ်ပိတ်ပင်လိုက်တာဟာ ဒေသလုံခြုံရေးအတွက်ဆိုပြီး ဒေသအခြေစိုက် ခမရ  ၃၄၇ ဗျူဟာနဲ့ ခန္တီးခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပိတ်ပင်လိုက်တာလို့ ဆိုပါတယ်။

ခန္တီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးကတော့ အခုလို ဆန်နဲ့ စားသောက်ကုန်တွေ ပိတ်လိုက်တဲ့အတွက် နန်စီပွန်ဒေသက ဒေသခံလူထု ၁သောင်းလောက်က တော့ ကုန်းဈေး နှုန်းမြင့်တက်မှုနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ပြောပါတယ်။

“နန်စီပွန်ဒေသတခုလုံးကို ပိတ်တာဆိုတော့ အဲဒီမှာ ရွာ ၄ ရွာရှိတယ်လေ။ ဒေသခံ ၁ သောင်းနီးနီးလောက်ရှိတာကို၊ ခန္တီးခရက အုပ်ချုပ်ရေးမှူးကနေပြီးတော့ ကေအိုင်အေ နယ်မြေဖြစ်တယ်၊ အဲဒါကြောင့်ပိတ်တယ်ပြောတယ်။ တကယ်တန်းကျတော့ အဲဒါ ကေအိုင်အေ နယ်မြေမှမဟုတ်တာ။ အဲလိုပိတ်ထားမယ်ဆိုရင်တော့ ကုန်ဈေးနှုန်းက အဆမတန်တက်မယ်။ ၂ တချက်ကတော့ အဲမှာဆူပူလာမယ်ပေါ့နော်။

“အဆိုပါ နန်စီပွန်ဒေသကို အစားအသောက်တွေ သယ်ရာမှာ ကားလမ်းအဆင်မပြေတဲ့ အတွက်စက် လှေတွေနဲ့ သယ်နေကြရတာဖြစ်ပြီး ဆန် ၁၀ အိတ်အထက်ကို ခွင့်မပြုတဲ့ အတွက်လည်း အဆင်မပြေမှုတွေ ရှိနေတယ်” လို့လည်း ဦးမောင်တေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013