DVB Logo
Home
မြန်မာသတင်း
တောင်​တွင်းကြီး အကြမ်းဖက်​ဖျက်​ဆီးမှု​တွင်​ ပါဝင်​သူများကို ပုဒ်​မ ၅ ခုဖြင့် အမှုဖွင့်
DVB
·
September 14, 2017
တောင်​တွင်းကြီး အကြမ်းဖက်​ဖျက်​ဆီးမှု​တွင်​ ပါဝင်​သူများကို ပုဒ်​မ ၅ ခုဖြင့် အမှုဖွင့်
Donate to DVB

တောင်တွင်းကြီးမြို့မှာ လူစုလူဝေးနဲ့ အကြမ်းဖက်ဖျက်ဆီးမှုဖြစ်စဉ်မှာ ပါဝင်သူတွေကို ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ထားတယ်လို့ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

အကြမ်းဖက်မှု ဖြစ်စဉ်မှာပါဝင်တဲ့ နှင်းကိုကိုလင်း (ခေါ်) နှင်းကိုကို၊ စိုးသူ၊ သိန်းဇံဌေး၊ နိုင်အောင်ထက်၊ စည်သူအောင်၊ ဇော်လွင် တို့ ၆ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၄၄၀  သူတပါးအကျိုး ကို ဖျက်ဆီးစေမှု၊ ပုဒ်မ ၁၄၄  သေစေလောက်တဲ့ လက်နက်ကိုင်ဆောင်ပြီး လူစုလူဝေးမှာ ပါဝင်မှု၊ ပုဒ်မ ၁၄၇  ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ပုဒ်မ ၁၅၂ - နိုင်ငံ့ဝန်ထမ်းကို ရန်မူခြိမ်းခြောက်မှု၊ ပုဒ်မ ၁၅၃ ကြိုတင်ကြံရွယ်ပြီး ရုန်းရင်းဆန်ခတ်မှု စတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးအရေးယူထားပါတယ်။

ဒီလိုအကြမ်းဖက်မှုဖြစ်စဉ် လုပ်ဆောင်သူတွေကို အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့လည်း ၀န်ကြီးချုပ်က ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။

“စွဲထားတဲ့ပုဒ်မတွေကတော့ ဥပဒေနဲ့ဆန့်ကျင်တယ်။ အစုအဝေးမှာ ပါဝင်တယ်။ သေစေနိုင်တာတွေ၊ နာကျင်စေတာတွေပါတာပေါ့။ အဲဒါကတော့ ၀န်ကြီးချုပ်ကတော့ သေချာအောင်ဖော်ထုတ်ပြီး ဥပဒေမှာ အပြင်းဆုံး ပြစ်ဒဏ်တွေ ချမှတ်ဖို့တော့ ပြောထားပါတယ်။  တရားဥပဒေအပေါ်မှာ ပေါ်ပေါက်တယ်။ မပေါ်ပေါက်ဘူး။ အဲဒီပေါ်မှာ မူတည်မှာကို။  ”

ဒါ့အပြင် မနေ့ကတုန်းကလည်း ကိုဇော်လွင်နဲ့ နောက်ထပ် ၁ ဦးကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတာတွေလုပ်နေသလို ဖြစ်စဉ်မှာ ပါဝင်သူတွေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ ဦးဝင်းမြင့်လှိုင်က ပြောပါတယ်။

တောင်တွင်းကြီးမြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့ ည ၈နာရီ လောက်က မျက်နှာမှာ နှာခေါင်းစီး စီးထားတဲ့ လူငယ် ၈၀ ဦးလောက်က ဒုတ်၊ ဓား၊ လေးခွတွေကိုင်ဆောင်ပြီး တောင်တွင်းကြီးမြို့၊ ရွှေကြာအင်း ၂ ရပ်ကွက်၊ တောင်တွင်းကြီး-မကွေးလမ်းပေါ်ရှိ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီကို ဖျက်စီးဖို့လာရောက်စဉ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အရံမီးသတ်တပ်ဖွဲ့ဝင်တွေက လမ်းပိတ်ဆို့တားဆီးနိုင်ခဲ့ပါတယ်။

အဆိုပါ လူငယ်တွေက ဗလီကိုမဖျက်ရတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တံခါးတွေ၊ ဈေးဆိုင်တွေကို ခဲ၊ တုတ်၊ လောက်လေးတွေနဲ့ ပစ်ပေါက် ရိုက်ချိုးဖျက်ဆီးခဲ့ကြကြောင်း သိရပါတယ်။

ရိုက်ချိုးဖျက်စီးမှုများကြောင့် ပျက်စီးဆုံးရှုံးမှုအားလုံး တန်ဖိုးသိန်း ၁၈၀ ကျော်လောက်ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။

သားကြီး (တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013