DVB Logo
Home
မြန်မာသတင်း
ဘုရားဖူးသွားသည့် လင်မယား ၂ ဦး ရွှေနှင့်ငွေများ လုယက်ခံရ
DVB
·
September 14, 2017
ဘုရားဖူးသွားသည့် လင်မယား ၂ ဦး ရွှေနှင့်ငွေများ လုယက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့၊ မြို့ပေါ်ရပ်ကွက်မှာ စက်တင်ဘာ ၁၃ ရက်နေ့ ည ၈ နာရီခွဲလောက်က လုယက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ လုယက်ခံရသူက ပြောပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့၊ မြို့ပေါ်ရပ်ကွက် အောင်မင်္ဂလာ ၁ လမ်းနေသူ မခင်မာချိုဟာ ခင်ပွန်းဖြစ်သူနဲ့အတူ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီခွဲလောက်က ရွှေဆံတော်ဘုရားဖူးပြီး ဆိုင်ကယ်နဲ့ပြန်လာနေချိန် လမ်းမှာအမည်မသိ လူ ၂ ဦးက ဆိုင်ကယ်စီးပြီး လုယက်ခဲ့တာ လို့ ဆိုပါတယ်။

“ဘုရားပူဇော်ပြီးမှ မိသားစုနဲ့အတူ ပြန်လာခဲ့တယ်။ ရန်ကြီးအောင် ရပ်ကွက်၊ ဘုရင့်နောင်လမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ နောက်က ကပ်လိုက်ပြီး အခုလို လုယက်သွားပါတယ်။ ငွေက ၂ သိန်းကျော်၊ ရွှေငါးမူးသား၊ ဖုန်း ၁ လုံးပါ လုယက် ခံရတယ်” လို့ မခင်မာချို က ပြောပါတယ်။

လုယက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရန်ကြီးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လာရောက်သတင်းပေးပို့လို့ ရေးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး လုယက်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းရှာဖွေနေတယ်လို့ သိရပါတယ်။

ရေးမြို့နယ်တွင်းမှာ မကြာခဏလုယက်မှုတွေ ဖြစ်ပေါ်နေခဲ့သလို တရားခံတွေကိုလည်း ဖမ်းဆီးရမိခြင်းမရှိသေးတဲ့အတွက် မြို့ခံတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013