DVB Logo
Home
မြန်မာသတင်း
အမျိုးသားတဦး ကန်စွန်းရွက်သွားခူးရာမှ ရေနစ်သေဆုံး
DVB
·
September 14, 2017
အမျိုးသားတဦး ကန်စွန်းရွက်သွားခူးရာမှ ရေနစ်သေဆုံး
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ အာလော့ကွေ့အနီမှာ စက်တင်ဘာ ၁၃ ရက်ည ၁၀ နာရီခွဲလောက်က အမျိုးသားတဦး ကန်စွန်းရွက်သွားခူးရာမှ ရေနစ်သေဆုံးခဲ့တယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။

ညောင်လေးပင်မြို့ အလယ်ရွာကျေးရွာနေသူ ကိုခင်ဇော် (၄၁ နှစ်) မှာ နေအိမ်မှ ကန်စွန်းရွက် သွားခူးရာမှ ပြန်မရောက်လာလို့ မိသားစုဝင်တွေက လိုက်လံရှာဖွေရာ အာလောကွေ့အနီး ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ကန်စွန်းခင်းအတွင်း ရေနစ်သေဆုံးခဲ့တာပါ။

ဒု-ရဲမှူးဇော်မိုးက “ကျနော်တို့ ညကသတင်းရလို့ သွားရောက်စစ်ဆေးခဲ့တာပါ။ ကန်စွန်းရွက်ခူးရင်း ရေနစ်သေရတာပါ။ သူအိမ်ကပြောတာတော့ အရက်သေစာလည်း သောက်တက်တယ် မူးနေလို့ ဖြစ်မှာပါ။ ရေအနက်က ၅ ပေကျော်ကျော်လောက်ပဲ ရှိတယ်။ ပြင်ပဒဏ်ရာလည်း မရှိဘူးလေ။ ခုတော့ ကျနော်တို့ သေမှုသေခင်းနဲ့ ဖွင့်ထားပါတယ်”လို့ ပြောပါတယ်။

၂၀၁၇ နှစ်အတွင်း ညောင်လေးပင်မြို့နယ်မှာ ရေနစ်သေဆုံးမှု ၁၇ မှုထိ ရှိသွားပြီလို့လည်း သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013