DVB Logo
Home
မြန်မာသတင်း
အင်္ဂပူမြို့နယ် ကျေးရွာတရွာတွင် အိမ်မွေးဝက်များ ဆက်တိုက်သေဆုံးနေ
DVB
·
September 14, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကျွဲဆင်းကျေးရွာအုပ်စုထဲက တိုင်တရာကျေးရွာမှာ စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး ကျေးရွာထဲမှာ အိမ်မွေးဝက်တွေ သေဆုံးနေတယ်လို့ ရာအိမ်မှူးက ပြောပါတယ်။

တိုင်တရာကျေးရွာ ရာအိမ်မှူး ကိုစိုးမိုးထွန်းက “ဟုတ်ပါတယ်။ သေတာတော့ ခုထိ အတိအကျ မသိရသေးဘူး။ ကူးစက်ရောဂါ ဆိုရင်တော့ အကုန်သေဆုံးနိုင်တယ်။ ဒီကလူတွေက အိမ်တိုင်းနီးပါး မွေးပါတယ်။ ဒါပေမယ့် ခြံနဲ့ ဝင်းနဲ့ မဟုတ်ဘူး။ အားလုံး လွှတ်ပြီး မွေးထားကြတာပါ။ ဒီတော့ တိကျတဲ့ အကောင်အရေအတွက်က မရသေးဘူး။ ခုလောလောဆယ် ၁၃ ရက်နေ့အထိ ၇ ကောင်လောက် ရှိသွားပြီ” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အင်္ဂပူမြို့နယ် တိမွေးကုဦးစီးအရာရှိ ဒေါက်တာစန်းဝင်းကတော့ “ဟုတ်ပါတယ်။ ဒါပေမယ့် ကူးစက်ရောဂါ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ ခုလ ၁၂ ရက်နေ့ကတည်းက ကွင်းဆင်းစစ်ဆေးတာတွေ လုပ်နေပါတယ်။ ခုလို ရာသီပြောင်းချိန်တွေမှ ဖြစ်လေ့ဖြစ်ထ ရှိတာရယ်၊ သူတို့တွေက စနစ်တကျ မမွေးကြဘူးလေ။ အခု ကာကွယ်ဆေး တွေတော့ ထိုးနိုင်သရွေ့ ထိုးပေးထားပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ စောင့်ကြည်လေ့လာ နေပါတယ်။ ကာကွယ်ဆေးထိုးဖို့ကိုလည်း ဒေသခံတွေ သိပ်ပြီး မလိုက်နာကြဘူး ဖြစ်နေတယ်။ သေဆုံးရင် အသားတွေ နီမြန်းသွားတာကတော့ အဆုတ်ကနေ အသက်မရှူနိုင်ဘဲ အအေးပတ်တာမျိုး၊ အပူရှပ်မျိုးဆိုရင် ခုလိုမျိုး အသားတွေ နီမြန်းတတ်ပါတယ်။ ခုထိတော့ ကူးစက်ရောဂါ မဟုတ်သေးပါဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီကျေးရွာမှာ အိမ်မွေးဝက် အကောင်ရေ ၁၀၀ ကျော် မွေးမြူထားပါတယ်။

သတင်း - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013