DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန် ကျပ်ငွေ ၅ ဘီလီယံချထားပေး
DVB
·
September 14, 2017
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရန် ကျပ်ငွေ ၅ ဘီလီယံချထားပေး
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးကာဖို့ ကျပ် ၅ ဘီလီယံချပေးထားပြီး ထပ်အဆင့်မြှင့်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွန်ထားတယ်လို့ မနေ့ညက သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“နှစ်နိုင်ငံ နယ်ခြား မိုင်တိုင်အမှတ် ၃၀ ကနေ ၄၇ ကြားနေရာမှာ အပေါက်တွေရှိပီး အဲဒီ အပေါက်ကနေ ထွက်ပြေးနေတာတွေနဲ့ ပတ်သက်လို့လည်း ဖာတဲ့ဟာတွေလုပ်နေတယ်၊ ကျန်တဲ့ မိုင် ၄၀ ကိုလည်း ဘက်ဂျက်က ချထားပြီးသား။ အဲဒါကို ဆက်လုပ်နေပြီ။ ပြန်လည်ပြုပြင်တာနဲ့ နယ်နိမိတ်မှတ်တိုင် ၁၄၆ ရဲ့ တောင်ဘက် ပင်လယ်ပြင်ရေထွက်ပေါက် မြောင်းအပါအ၀င် ခြံစည်းရိုးကာရံတာ အဲဒါတွေအတွက် စုစုပေါင်း ၅ ဘီလီယံပေးထားပြီးပြီ၊ အခု အဲဒါနဲ့လုပ်နေတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါအပြင် ခြံစည်းရိုးကို အဆင့်မြှင့်တင်တာတွေလုပ်ဖို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံက လမ်းညွန်ထားပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့်ရှ်နယ်စပ် ခြံစည်းရိုးကာတာတွေနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ဖို့ လုပ်နေသလို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်နဲ့ လက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ဘက်ဂျက်တွေ ချထားတယ်လို့ ဆိုပါတယ်။

နယ်စပ်ခြံစည်းရိုးပျက်စီးနေတဲ့နေရာမှာ အမြန်ဆုံးပြုပြင်ဖို့၊ ခြံစည်းရိုးကာဖို့ ကျန်တဲ့ နေရာတွေကို အဆင့်မီလုံခြုံစွာ အမြန်ဆုံးကာရံဖို့၊ လိုအပ်တဲ့ဘဏ္ဍာငွေအား နိုင်ငံတော်အစိုးရက ချက်ချင်းဖြည့်ဆည်းပေးဖို့နဲ့ နယ်စပ်ခြံစည်းရိုး လုံခြုံမှုအားနည်းတဲ့နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားဖို့ ကိစ္စတွေနဲ့ ပတ်သက်လို့  စက်တင်ဘာ ၆ ရက်က နိုင်ငံတော်သမ္မတ အပါအ၀င် အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်အကြီးအကဲတွေ တက်ရောက်တဲ့  ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တင်ပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013