DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတဦးဟင်နရီဗန်ထီးယူ ကုလသမဂ္ဂညီလာခံ၌ မြန်မာပြည်အရေး ရှင်းလင်းပြောကြားမည်
DVB
·
September 14, 2017
ဒုသမ္မတဦးဟင်နရီဗန်ထီးယူ ကုလသမဂ္ဂညီလာခံ၌  မြန်မာပြည်အရေး ရှင်းလင်းပြောကြားမည်
Donate to DVB

နယူးယောက်မြို့မှာ ခုလအတွင်းကျင်းပဖို့ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် မတက်ရောက်ဘဲ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်မယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောပါတယ်။

မနေ့ညနေက နေပြည်တော်နိုင်ငံတော်သမ္မတအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး မီဒီယာတွေကို တရားဝင်ပြောကြားလိုက်တာပါ။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စတွေ ချက်ချင်းလုပ်ဖို့ရှိတာကြောင့်ရယ်၊ လူမျိုးရေး၊ ဘာသာရေးဘက်ကို ဆွဲသွားတဲ့ ပဋိပက္ခဖန်တီးမှုတွေ ရှိနေတာရယ်၊ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်နိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေရှိတဲ့အပြင် သမ္မတကြီး ဆေးရုံတက်နေတဲ့ ကိစ္စတွေကြောင့်လည်း  ဒေါ်အောင်ဆန်းစုကြည်  မသွားဖြစ်တာလို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ၁၉ ရက်နေ့မှာ နေပြည်တော်ရှိ MICC II မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းသဘောမျိုး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာမိန့်ခွန်း ပြောကြားသွားမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူအနေနဲ့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲကိုတက်ရောက်ဖို့ရှိပြီး  မြန်မာနိုင်ငံ အကြောင်းကို ကုလသမဂ္ဂမှာ  ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။

အရင်တုန်းကအထွေထွေညီလာခံကို နိုင်ငံခြားရေးဝန်ကြီးတွေ သွားတာများပေမယ့် အခုအခါ စိတ်ဝင်စားနေကြတဲ့ ရခိုင်ကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားမှာဖြစ်တဲ့အတွက် ဒုတိယသမ္မတအဆင့် သွားရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013