DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင် ဒေသခံများ ရေဆိုးမြောင်းကို ဖြိုဖျက်
DVB
·
September 14, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ ကြေးနီစီမံကိန်းရဲ့ ရေဆိုးထုတ်မြောင်းကို တုံအုပ်စု၊ ဆည်တည်း စတဲ့ကျေးရွာတွေက ဒေသခံ ၅၀ ကျော်က စက်တင်ဘာလ ၁၃ ရက်နေ့ ညနေက စတင်  ဖြိုဖျက်နေကြပါတယ်။

ဒီရေဆိုးထုတ်မြောင်းက ဒေသခံတွေအတွက် ဆိုးကျိုးပဲ ဖြစ်လာမှာကြောင့် အခုလို ဖြိုဖျက်ရတာလို့  ဒေသခံရွာသားတဦးဖြစ်တဲ့  မစန္ဒာက ပြောပါတယ်။

“ကျမတို့ကို ပိုလျှံမြေအဖြစ် ပြန်စွန့်လွှတ်ပါပြီဆိုပြီး ဦးသိန်းစိန်လက်ထက်ကတည်းက လက်မှတ်ထိုးပြီး ပေးအပ်ခဲ့ပြီးပြီ။ အခုတခါ အဲဒီမြေပေါ်မှာ ရေဆိုးထုတ်မြောင်း လာလုပ်နေပြန်ပြီ။ စလုပ်ကတည်းက တားခဲ့တယ်။ ခိုးလုပ်တယ်။ ဒီရေဆိုးထုတ်မြောင်းက ဒေသခံတွေအတွက် ဘာကောင်းကျိုးမှ ဖြစ်မလာဘူး။ ဆိုးကျိုးပဲ ဖြစ်လာမှာကြောင့် အခုလို လုပ်ရတာပါ။ မနေ့ကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လာကြည့်တယ်။ ဘာမှလည်း လုပ်ဆောင်ပေးမယ်လို့ ကတိမပေးသွားဘူး”လို့ ပြောပါတယ်။

အရှည်ခန့်မှန်း ၇ မိုင်ခန့်ရှိတဲ့ ရေဆိုးထုတ်မြောင်းကို လက်ရှိ ဖြိုဖျက်နေတာ ၂ရက်ရှိပြီဖြစ်ပြီး အရှည်ပေ ၁၅၀ နီးပါး ဖြိုပြီး ဖြစ်ပါတယ်။

ဒေသခံတွေကတော့ ကျန်ရှိနေသေးတဲ့ မြောင်းဘောင်တွေကို နောက်နေ့တွေမှာ ဆက်လက်ဖြိုဖျက်သွားမယ်လို့ ဆိုပါတယ်။ ဒီမြောင်းဖြိုတာနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်ကရော ဌာနဆိုင်ရာဘက်ကပါ လာရောက်တားဆီးဟန့်တားတာ တစုံတရာ မရှိသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013