DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာမရှိကြောင်း တိုကျိုမြို့ကုလသမဂ္ဂရုံးရှေ့တွင် ဂျပန်ရောက်မြန်မာများဆန္ဒပြ
DVB
·
September 13, 2017
ရိုဟင်ဂျာမရှိကြောင်း တိုကျိုမြို့ကုလသမဂ္ဂရုံးရှေ့တွင် ဂျပန်ရောက်မြန်မာများဆန္ဒပြ
1 / 5
Donate to DVB

 

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့လုပ်ဆောင်ချက်တွေကို ထောက်ခံပွဲနဲ့ ဘင်င်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားတွေကို ရှုတ်ချပွဲကို စက်တင်ဘာ ၁၃ ရက်ညနေက တိုကျိုမြို့ ရှီဘူယရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဂျပန်နိုင်ငံရောက် ကျောင်းသားကျောင်းသူတွေ အပါအ၀င် မြန်မာနိုင်ငံသားတွေ လာရောက်ဆန္ဒပြခဲ့ပါတယ်။

လက်ရှိ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနေတဲ့ မြနနိုင်ငံမှာ အထွေထွေ အကြပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းငြင်သာစွာ ကိုင်တွယ်ဖြေရှင်းနေတဲ့အပေါ် ကျနော်တို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက ယုံကြည်ထောက်ခံနေတာကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာကသိဖို့ ဆန္ဒပြတာပါလို့ ဦးဆောင်ကျင်းပသူ တဦးဖြစ်တဲ့ ဦးကျော်ကျော်စိုးက ပြောပါတယ်။

လက်ရှိဂျပန်အပါအ၀င် နိုင်ငံတကာမီဒီယာတွေမှာ မြန်မာအစိုးရကို တဖက်သတ် အထင်လွဲစေမယ့် သတင်းတွေထုတ်လွှင့်နေတာကြောင့် ဂျပန်ပြည်သူတွေ ဂျပန်မီဒီယာတွေ သိအောင်လည်း အခုလို ပူးပေါင်းဆောင်ရွက်တာလို့ မြန်မာ့အရေးလှုပ်ရှားသူ ဦးစိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကို ထောက်ခံကြောင်း၊ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်ကျူးကျော်တာတွေကို ဆန့်ကျင်ရှုတ်ချကြောင်းနဲ့ ရိုဟင်ဂျာဆိုတာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမဟုတ်ကြောင်းရေးသားထားတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သဘောထားစာကို ဂျပန်ကုလသမဂ္ဂရုံးတာဝန်ခံ မစ္စတာ ခ၀ဒ က လက်ခံယူခဲ့ပြီး ကုလသမဂ္ဂဌာနချုပ်ကို ပေးပို့ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013