DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်​၌ လူကုန်​ကူးခံရမှု အများဆုံးဖြစ်
DVB
·
September 13, 2017
Donate to DVB

ကရင်ပြည်နယ်အတွင်း လူကုန်ကူးခံရမှု အများဆုံးမြို့နယ်က မြဝတီမြို့ဖြစ်တယ်လို့ ဒီနေ့မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအပြီး ဘားအံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု တပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“၅ နှစ်စီမံကိန်းရဲ့ သုံးသပ်ချက်အရ မြဝတီက အဖြစ်များတဲ့ မြို့နယ်ထဲမှာ ပါပါတယ်။ ကျန်တဲ့ ကရင်ပြည်နယ်က မြို့နယ်တွေကတော့ အနည်းအကျဉ်းဖြစ်တဲ့ မြို့နယ်တွေရယ် တခါတရံ လောက်မှာ ဖြစ်တဲ့ မြို့နယ်အနေနဲ့ ပါပါတယ်။”

ဘားအံမြို့နယ် ငါးနက်ပြာကျေးရွာနေ ဒေါ်နော်ဖော့က “လူကုန်ကူးမှု မခံရအောင် ကိုယ့်ကိုကိုယ် ထိန်းသိမ်းရမှာပေါ့နော်။ ကိုယ့်ကိုကိုယ် သတိထားပြီး ရှိအောင် အသိပညာလည်းနည်းနည်း မကောင်းတာကိုလည်း စူးစမ်းရတာပေါ့နော်။ လုံလုံခြုံခြုံလေ ကိုယ်အတွက်ပေါ့နော်။ အစစ အရာရာအားလုံးပေါ့နော်။ ကောင်းအောင် အကုန်လုံး ကောင်းအောင်သိထားတယ်။ အခုက တက်ရောက်နေပြီဆိုတော့ သိထားပြီလေ”လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း အဓိက အမျိုးသမီးတွေအများဆုံး လူကုန်ကူးခံရပြီး ထိုင်းနိုင်ထက် တရုတ်နိုင်ငံဖက်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ရိုက် လူကုန်ကူးမှုပုံစံမျိုးတွေရှိပြီး၊ ထိုင်းနိုင်ငံဖက်ကို လူကုန်ကူးခံရတဲ့သူ အများဆုံးက ငါးဖမ်းစက်လှေ၊ ငါးလုပ်ငန်းစက်ရုံ၊ အအေးခန်းစက်ရုံ၊ ပြည့်တန်ဆာလုပ်ငန်းတွေကို အဓိကပို့ဆောင်ခံရတယ်လို့ လေ့လာတွေရှိချက် စစ်တမ်းထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်ပြည်နယ်အတွင်း ၅ နှစ်တာ စီမံကိန်းအရ ဘားအံမြို့နယ်က လူကုန်ကူးမှု အနည်းဆုံး မြို့နယ်ဖြစ်ပြီး ကရင်ပြည်နယ်အနေနဲ့ ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးမှု ၂ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ် လက်ရှိကာလအထိ ဘားအံမြို့ ၁ မှု၊ မြဝတီ ၁ မှု ဖမ်းဆီးအရေးယူထားတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု တပ်ဖွဲ့မှူးက ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013