DVB Logo
Home
မြန်မာသတင်း
ရာဘာကျည်ဆန်သုံး သေနတ်မှ ကျည်ဆန်ထွက်၍ လူ ၁ ဦး ဒဏ်​ရာရ
DVB
·
September 13, 2017
Donate to DVB

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ဒီနေ့ မနက် ၁၀ နာရီကျော်လောက်က အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ရာဘာကျည်ဆန်သုံးသေနတ်ကနေ ကျည်ဆန်ထွက်ပြီး ဒေသခံ ၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

တောင်တွင်းကြီးမြို့ မြို့လယ်လမ်းဆုံက ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရုံးခန်းအတွင်း လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ရဲဝင်း ကိုင်ဆောင်ထားတဲ့ ရာဘာကျည်ဆန်သုံး ၁၂ ဗို့ သေနတ်တလက် ခုံပေါ်က အောက်ကိုပြုတ်ကျလို့ ကျည်ဆန်ထွက်ပြီး အနီးရှိ တောင်တွင်းကြီးမြို့ ရွှေအိုး (၁) ရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ် ကိုစိုးမိုးအောင်ကို ထိမှန်ခဲ့တာပါ။

ရဲတပ်ကြပ်ကြီးရဲဝင်းဟာ ရုံးအတွင်းသစ်သား ဗီဒိုအတွင်းမှ ရာဘာကျည်ဆံထည့် ကျည်အသင့်ထိုးထားတဲ့ 12V Gun Shotသေနတ်အားထုတ်ခဲ့ရာ ရုံးအတွင်းရှိ အရပ်သား ဆိုင်ကယ်ကယ်ရီမောင်း စိုးမိုးအောင်ကို ကျည်ဆန်ထိမှန်ခဲ့တာလို့ တောင်တွင်းကြီးမြို့ မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး မျိုးမြင့်ထွန်းက ပြောပါတယ်။

ရာဘာကျည်ဆန် ထိမှန်ခဲ့တဲ့ ကိုစိုးမိုးအောင်မှာ ယာဘက်ပါးစောင် ပေါက်ပြဲဒဏ်ရာ၊ ၀ဲဘက်ပါး ပွန်းပဲ့ဒဏ်ရာ၊ လည်ပင်းယာဘက် ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပခုံးပေါ် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)  ရရှိခဲ့ပြီး တောင်တွင်းကြီး ပြည်သူ့ဆေးရုံကတဆင့်  မကွေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ပေးထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်ထိန်းတပ်ဖွဲ့တာဝန်ခံ ရဲတပ်ကြပ်ကြီး ရဲဝင်းအား  တောင်တွင်းကြီး မြို့မရဲစခန်းမှာ ခေတ္တထိန်းသိမ်းထားပြီး ရဲစည်းကမ်းဥပဒေနဲ့ အရေးယူမယ်လို့ မြို့မစခန်းမှူး ဒုရဲမှူးမျိုးမြင့်ထွန်းက ပြောပါတယ်။

သတင်း - သားကြီး (တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013