DVB Logo
Home
မြန်မာသတင်း
စမ်းချောင်းမြို့နယ်တွင် မူးယစ်ဆဲဆိုခဲ့သူတဦးကို တရားစွဲဆို
DVB
·
September 13, 2017
စမ်းချောင်းမြို့နယ်တွင် မူးယစ်ဆဲဆိုခဲ့သူတဦးကို တရားစွဲဆို
Donate to DVB

 

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းမှာ မနေ့ညက  လူမျိုးရေးထိခိုက်ပြီး မူးယစ်ဆဲဆိုနေတဲ့ လူငယ်၁ယောက်ကို ရန်ကုန်ရဲအက်ဥပဒေ ပုဒ်မ၄၁ (၁၄) နဲ့ တရားစွဲဆိုထားတယ်လို့   စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လယ်ပိုင်းမှာ တရားရုံးကိုရောက်ရှိနေပြီး တရားစွဲ အမိန့်ချဖို့ ဆောင်ရွက်နေတယ်လို့ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်က ပြောပါတယ်။

“ပြည်သူတွေအထိတ်တလန့်ဖြစ်အောင် အများသူငါရှိတဲ့ လမ်းပေါ်မှာ မူးယစ်ပြီးတော့ ဆဲဆို ရမ်းကားတယ်ဆိုရင် ရန်ကုန်ရဲ အက် ၄၁ နဲ့ စွဲလိုက်တာပေါ့။ ဥပဒေက ဒဏ်ငွေ ရှိတယ်။ ထောင် ၈ ရက်ရှိတယ်” လို့ ပြောပါတယ်။

မနေ့ညက ဖမ်းဆီးထားသူကို ရဲက ပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်တဲ့အကြောင်းနဲ့ ပြစ်ဒဏ်ဘယ်လိုချမှတ်မလဲဆိုတာကတော့ တရားရုံးအပေါ်မှာ မူတည်တယ်လို့လည်း ပြောပါတယ်။

စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက် ကြည့်မြင်တိုင် မီးရထားဘူတာ လိုင်းဝင်းမှာ နေထိုင်တဲ့ သိန်းထွေး(ခ) အောင်သိန်းထွေး၊ (၂၄)နှစ်ဟာ စက်တင်ဘာလ ၁၂ ရက်နေ့ည ၈နာရီလောက်က မူးယစ်ရမ်းကားပြီး စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက် ရွှေလောင်းလမ်း၊ ဝါးခယ်မလမ်း၊ ကျိုတ်လတ်လမ်းတွေကို ဝင်ရောက်ပြီး ဘာသာခြားတွေကို ဆဲဆိုခဲ့တဲ့အတွက် ရပ်ကွက်နေပြည်သူလူထုက စမ်းချောင်း ရဲစခန်းကို ဖမ်းဆီးပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စမ်းချောင်းမြို့နယ်တွင် အများပြည်သူစိတ်အနှောင့်အယှက်ဖြစ်စေရန် ညစ်ညမ်းစွာ ဆဲဆိုသူအား ဥပဒေနှင့် အညီအရေးယူထားတယ်လို့လည်း ရန်ကုန်ရဲတပ်ဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-ရန်ကုန်ရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013