DVB Logo
Home
မြန်မာသတင်း
စကုမြို့နယ်အတွင်းမှ ရေဘေးသင့်ပြည်သူများ နေရပ်ပြန်လည်ရွှေ့ပြောင်းရန် အခက်ကြုံ
DVB
·
September 13, 2017
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မင်းဘူး၊ စကုမြို့နယ်ထဲက ရေဘေးသင့်ပြည်သူတွေ နေရပ်ကို ပြန်လည် ပြောင်းရွှေ့ဖို့ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဇူလိုင်လက မြစ်ရေကြီးတာကြောင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် မြေနုကျွန်း ကျေးရွာမှ လူဦးရေ ၉၀၀ ရှိတဲ့ အိမ်ထောင်စု ၂၈၉ စုဟာ မကွေးတိုင်းဒေသကြီး၊ မင်းဘူး၊ စကုမြို့နယ်ရှိ ပုလဲကျေးရွာအုပ်စုထဲက ရွာသစ်ကျေးရွာ ရွှေအိုးကြီး ဘုန်းတော်ကြီးကျောင်းနဲ့ မကျီးပင်ကျေးရွာ၊ လေးထပ်ကျောင်း အမည်ရှိ ဘုန်းတော်ကြီးကျောင်းအပြင် မကျီးပင်နဲ့ ရွာသစ်ကျေးရွာမျက်နှာစာ မကွေး-မင်းလှ ကားလမ်းဘေးတွေမှာ ယာယီတဲထိုး ရွှေ့ပြောင်းနေထိုင်နေကြရတာ ၂ လခွဲလောက် ကြာမြင့်ခဲ့ပြီလို့ သိရပါတယ်။

ရေဘေးသင့် ပြည်သူတွေဟာ အခုလက်ရှိအနေနဲ့ မြစ်ရေအနည်းငယ် တက်လာတာကြောင့် ရွှေ့ပြောင်းကြဖို့ရာ တုံ့ဆိုင်းနေကြရပြီး ရွှေ့ပြောင်းစဉ်ကာလက စုဆောင်းထားတဲ့ ငွေကြေးတွေ၊ အလှူရှင်တွေဆီက ရတာတွေနဲ့ ခြိုးခြံချွေတာ စားသောက်နေကြရတာပါ။

ရေဘေးသင့်ပြည်သူတဦးဖြစ်တဲ့ ဦးကျော်သက်နောင်က “အလုပ်အကိုင်အနေနဲ့ တောထဲမှာ မျှစ်ချိုး အလုပ်အကိုင်နဲ့ ယာထဲကို ယောက်ျားလေး တဦးကို နေ့စားခ ၂၀၀၀ ကျပ်၊ မိန်းကလေး တဦးကို ၁၅၀၀ ကျပ်သာ ရရှိပြီး ရွှေ့ပြောင်းစဉ်က ကုန်ကျခဲ့တာနဲ့ အလုပ်အကိုင် အဆင်မပြေမှုတွေကြောင့် ပြန်လည်ရွှေ့ပြောင်းဖို့အတွက် ရွှေ့ပြောင်းစရိတ်အနေအထား ခက်ခဲနေပါတယ်။ အစိုးရရဲ့ အကူအညီ ထောက်ပံ့ပေးစေဖို့ ရေဘေးသငြ့်ပည်သူတွေက ဆန္ဒရှိနေကြတယ်”လို့  ဒီဗွီဘီကို ပြောပါတယ်။

လေးထပ်ကျောင်း ကျောင်းထိုင်ကိုယ်တော် ဥူးဝိလာသက “ရေဘေးရှေ င်ြပြည်သူတွေအတွက် လျှပ်စစ်မီးကို တညလုံး ထွန်းထားပေးပြီး သောက်ရေ၊ သုံးရေ၊ ချိုးရေအတွက် အရာခပ်သိမ်းအတွက် အမြဲစီစဉ်ပေးထားပါတယ်”လို့  ပြောပါတယ်။

ရေဘေးရှောင်ပြည်သူတဦးဖြစ်တဲ့ ဦးအောင်ဇော်က “ရွှေ့ကြမယ်ဆိုရင် နွံတွေ ကပ်နေတာတွေ ရှိပါတယ်။ တချို့က ရွာထိပ်မှာ နေကြတဲ့ အိမ်တွေက ဒိုက်တွေကပ်တယ်၊ အိမ်တွေယိုင်တာ ရှိပါတယ်။ လောလောဆယ် ရွှေ့ကြပြောင်းကြမယ် ဆိုရင်လည်း အိမ်အောက်ကဗွက်က နွားခါးဆစ်ထိ မြုပ်တော့ နေမဖြစ်သေးပါဘူး။ အချို့ကလည်း အိမ်လဲပြီး မျောသွားတာတွေရှိတော့ အိမ်အတွက် အစစအရာရာ အကုန်လိုအပ်ပါတယ်”  လို့ ပြောပါတယ်။

ရေဘေးရှောင်ပြည်သူတဦးက “အခုနေကတော့ စားဝတ်နေရေးကလည်း ကျပ်တည်းတယ်လေ။ ရွှေ့ရမှာကလည်း ငွေကမရှိတော့ ဒီမှာပဲ ခဏတည်းခိုနေရမှာပ”လို့ ပြောပါတယ်။

ရေဘေးရှောင် ပြည်သူဦးဖြစ်တဲ့ ဒေါ်မြလေးက “အလာတုန်းက ကိုယ်နည်းကိုယ်ဟန်နဲ့ လာခဲ့ရပြီး စုဆောင်းထားတာတွေကလည်း ကုန်သလောက် ဖြစ်နေပြီ။ အလုပ်ကလည်း မရှိဘူး။ ရေက အိမ်တွေမြုပ်တော့ အကုန်လုံး ပြန်ပြင်ရမှာပါ။ ကျနော်တို့ဆီက ဝါးခြမ်းခင်းလေးတွေ ဆိုတော့ အကုန်ပြုတ်မျောကုန်တယ်။ ဆုံးရှုံးမှုကတော့ များတာပေါ့ဗျာ။ ပြန်ပြင်ဖို့ကလည်း ငွေမရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013