DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း သိမ်းဆည်းမြေ ၂၆၆၅ ဧကကို မူလပိုင်ရှင်တောင်သူများထံပြန်ပေးအပ်
DVB
·
September 13, 2017
မကွေးတိုင်းအတွင်း သိမ်းဆည်းမြေ ၂၆၆၅ ဧကကို  မူလပိုင်ရှင်တောင်သူများထံပြန်ပေးအပ်
Donate to DVB

 

မကွေးတိုင်းဒေသကြီးအတွင်း ပညာရေးဝန်ကြီးဌာနမှ ပြန်လည် စွန့်လွှတ်အပ်နှံတဲ့ သိမ်းဆည်း မြေဧရိယာ ၂၆၆၅ ဧကကို အစိုးရက မူလပိုင်ရှင်တောင်သူတွေထံ အခမ်းအနားနဲ့ ပြန်လည်ပေးအပ်လိုက်ပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ နံ့သာမြိုင်ခန်းမမှာ စက်တင်ဘာ ၁၂ရက်က  ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပညာရေးဝန်ကြီး ဒေါက်တာ ဒေါက်တာမျိုးသိမ်းကြီးတို့ ကိုယ်တိုင်တက်ရောက်ပြီး  မူလပိုင်ရှင်တောင်သူ ၂၀၀ ကျော်ကို သိမ်းဆည်းမြေတွေ ပြန်လည်လွှဲပေးခဲ့တာလို့ အစိုးရ ပြန်ကြားရေးကသတင်း ထုတ်ပြန်ပါတယ်။

မြိုင်မြို့နယ်အတွင်း ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာ သုတေသနဌာနမှ အရင်က သိမ်းဆည်းထားတဲ့ မြေဧက (၃၁၅၀) အနက် (၄၈၅) ဧကကိုသာ အမှန်တကယ် အသုံးပြုသွားမှာဖြစ်ပြီး ကျန်မြေ(၂၆၆၅)ဧကအနက် မူလပိုင်ရှင်တောင်သူ(၂၀၉) ဦးကို (၈၇၀ ဒသမ ၁၂) ဧက ယာယီ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၃) လွှဲပြောင်းပေးအပ်ခဲ့သလို အခြားမြေ(၁၇၉၄ ဒသမ ၆၈)ဧကကို အစိုးရစီမံခန့်ခွဲပိုင်ခွင့် မြေဧရိယာအဖြစ် ပြန်လည် အပ်နှံခဲ့တယ်လို့ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ သိမ်းဆည်းမြေဧရိယာပေါင်း (၂၂၆၀၄ ဒသမ၂၅၇) ဧက ကို ပြန်လည်စွန့်လွှတ်ခဲ့ပြီးဖြစ်ရာ မူလတောင်သူများသို့ စိုက်ပျိုးမြေ (၉၃၃၉ဒသမ ၅၃) ဧကနဲ့ စိုက်ပျိုးမြေမဟုတ်တဲ့(၁၃၂၄၂ ဒသမ၃၇၇) ဧကကို အစိုးရစီမံခန့်ခွဲပိုင်ခွင့်မြေ အဖြစ် လွဲပြောင်းပေးပြီးဖြစ်တယ်လို့ လည်းသိရပါတယ်။

အရင်အစိုးရအဆက်ဆက်လက်ထက်က မြန်မာနိုင်ငံတ၀န်းမှာ အထူးစီးပွားရေးဇုန်တွေ၊ စက်မှုဇုန်တွေတည်ဆောက်တာ၊ မြို့ပြချဲ့ထွင်တာ၊   စိုက်ပျိုးရေး၊ မွေးမြူရေးစတဲ့ စီးပွားရေး စီမံကိန်းတွေ ဆောင်ရွက်ဖို့အတွက် ဌာနဆိုင်ရာတွေနဲ့ အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေကို မြေနေရာတွေချပေးခဲ့ တာကြောင့် ဒေသခံတောင်သူတွေဟာ လယ်ယာမြေတွ သိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။

လယ်ယာမြေသိမ်းဆည်းခံရရတဲ့ ဒေသခံ ပြည်သူတွေ အနေနဲ့ စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေးအခက်အခဲ အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီး ပြည်သူများဆုံးရှုံးနစ်နာမှုတွေကို အစိုးရအဖွဲ့ အနေနဲ့ ဥပဒေနဲ့အညီ တရားမျှတမှုရှိအောင် အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးနေတယ်လို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက သိမ်းဆည်းမြေပြန်အပ်တဲ့ အခမ်းအနားမှာ ပြောပါတယ်။

ဓာတ်ပုံ-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013