DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်မှုကြောင့် တိမ်းရှောင်ခဲ့ရသည့်ကျောင်းဆရာများတာဝန်ပြန်ထမ်းဆောင်ရန် ညွန်ကြား
DVB
·
September 13, 2017
အကြမ်းဖက်မှုကြောင့် တိမ်းရှောင်ခဲ့ရသည့်ကျောင်းဆရာများတာဝန်ပြန်ထမ်းဆောင်ရန် ညွန်ကြား
Donate to DVB

 

အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကနေ တိမ်းရှောင်နေတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ တာဝန်ကျရာ ဒေသတွေကို စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထားပြီး တာဝန်ပြန်လည်ထမ်းဆောင်ဖို့ ရခိုင်ပြည်နယ် ပညာရေးဌာနက ညွန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဘုန်းပြည့်ရဲ့ ညွန်ကြားချက်အရ ဌာနဆိုင်ရာ အားလုံး မိမိတာဝန်ကျရာနေရာဒေသတွေဆီပြန်သွားဖို့ ညွန်ကြားချက်အရ ပညာရေးဌာနက လည်းအခုလို ထုတ်ပြန်တာပါ။

လတ်တလောမှာ ရခိုင်ပြည်နယ် ဒေသအားလုံး တည်ငြိမ်နေပေမယ့် လုံခြုံရေးအရပဲ ပြန်ဖွင့်လှစ်နိုင်တဲ့ စာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ပြည်နယ်ပညာရေးဌာန ဒုညွန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။

“ စက်တင်ဘာ ၁၇ ရက် အရောက်သွားရမယ်လို့ စာမှာတော့ထုတ်ထားတယ်။ ပြည်နယ်အစိုးရရဲ့ ညွန်ကြားချက်အရပေါ့။ ပြည်နယ်အစိုးရက လုံခြုံမှုရှိပြီလို့ ပြောလို့ ညွန်ကြားချက်အရ ဆရာတို့စာထုတ်လိုက်ပါတယ်။ အဲဒါကြောင့်မို့ ဆရာကြီးတို့က အဓိက ဖြစ်တဲ့နေရာ မောင်တောရယ်၊ ဘူးသီးတောင်ရယ်၊ ရသေ့တောင်ရယ် ၃ ခုကို မနေ့က လှမ်းပြီး ခရိုင်မှူးကိုလှမ်းချိတ်လိုက်တယ်။ ချိတ်တဲ့အခါမှာ အခုလောလောဆယ် တကယ်လို့ ဖွင့်မယ်ဆိုရင်တောင်မှ လုံခြုံမှုရှိတဲ့နေရာပေါ့နော်။ မောင်တောမှာ ၄ ကျောင်း၊ ဘူးသီးတောင်မှာ ၂၀ ၊ ရသေ့တောင်မှာ ၅ကျောင်းပဲရှိတယ်။ မြို့ပေါ်ကျောင်းတွေပေါ့နော်။”

ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ မိမိတာဝန်ကျရာ မြို့နယ်တွေမှာ စက်တင်ဘာလ ၁၇ ရက်နေ့နောက်ဆုံးထားပြီး အရောက်သွားရမှာဖြစ်ပေမယ့် ကျောင်းတွေကတော့ ဘယ်နေ့ဘယ်ရက် သေချာပြန်ဖွင့်မယ်ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့လကုန်ပိုင်းက       ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မောင်တောမြို့နယ်မှာ စာသင်ကျောင်း ပေါင်း ၁၈ဝ ကျော်၊ ဘူးသီးတောင်မြို့နယ်မှာ ကျောင်းပေါင်း ၂၂ဝ ကျော်နဲ့ ရသေ့တောင်မြို့နယ်မှာ ကျောင်းပေါင်း ၂ဝ ကျော်တို့ သြဂုတ် ၂၅ ရက်ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013