DVB Logo
Home
မြန်မာသတင်း
လူကုန်ကူးခံရသူ ၃၄၈ ဦးအတွက် ငွေကျပ် ၇၃၃ သိန်းကျော်ထောက်ပံ့ပေးခဲ့
DVB
·
September 13, 2017
လူကုန်ကူးခံရသူ ၃၄၈ ဦးအတွက် ငွေကျပ် ၇၃၃ သိန်းကျော်ထောက်ပံ့ပေးခဲ့
1 / 5
Donate to DVB

 

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတွေဆက်လက်ဖြစ်ပွားနေပြီး  ပြည်သူလူထု စုပေါင်းအားနဲ့သာ တိုက်ဖျက်နိုင်မယ်လို့  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားလိုက်ပါတယ်။

မုံရွာမြို့ မြို့တော်ခန်းမမှာ ဒီနေ့ကျင်းပတဲ့ ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအခမ်းအနားကျင်းပခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လွှတ်တော်ဥက္ကဋ္ဌ၊ နမခစစ်တိုင်းမှူးနဲ့ ကျောင်းသား/သူတွေ၊ ဌာနဆိုင်ရာတွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က “မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးကို ၁၉၉၇ ခုနှစ် ကတည်းက စတင်ခဲ့တယ်။ အခုဆို အနှစ် ၂၀ ရှိပြီ။ လူကုန်ကူးဥပဒေတွေ ပြဌာန်းဆောင်ရွက် နေပေမယ့် မြန်မာနိုင်ငံက အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတာ၊ ဝင်ငွေနည်းတာ၊ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့ရတာ၊ လက်နက်ကိုင် ပဋိပက္ခ စတာတွေကြောင့် လူကုန်ကူးမှုဖြစ်နေဆဲ ဖြစ်တယ်။ မြန်မာနိုင်ငံက လူကုန်ကူးမှုရဲ့ မူရင်းအစပြုရာနေရာဖြစ်ခြင်း၊ နစ်နာမှုများပြားခြင်းကြောင့် ပြည်သူလူထုတရပ်လုံး ပါဝင်တဲ့ စုပေါင်းအားနဲ့သာ တားဆီးတိုက်ဖျက်နိုင်မှာဖြစ်တယ်"လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းဒေသကြီးအနေနဲ့ မနှစ်ကထက် လူကုန်ကူးမှု လျော့နည်းလာပေ မယ့် လူကုန်ကူးတာတွေတော့ ရှိနေဆဲဖြစ်ပါတယ်။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်အနေနဲ့ လူကုန်ကူးခံရသူ ၃၄၈ ဦးအတွက် ငွေကျပ် ၇၃၃ သိန်းကျော် ထောက်ပံ့ပေးခဲ့ပြီး အခု ဘဏ္ဍာနှစ်မှာလည်း ၂၉ ဦးအတွက် ၁၈၇ သိန်းထောက်ပံ့ပေးပြီးဖြစ်တဲ့အပြင် စစ်ကိုင်တိုင်း အတွင်းက လူကုန်ကူးခံရသူ မ ၅ ဦးအတွက် ၃၄ သိန်း ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

လူကုန်ကူးခံရသူတွေထဲမှာ အရွယ်စုံပါပေမယ့် အများစုက ကလေးသူငယ်နှင့် အမျိုးသမီး တွေဖြစ်နေပြီး အသိပညာကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးနိုင်ဖို့လည်း လိုအပ်နေပါသေးတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေး ၅နှစ် စီမံကိန်းကို အစိုးရက ရေးဆွဲဆောင်ရွက်လာတာ အခုဆို တတိယ ၅ နှစ် စီမံကိန်းလည်း ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ထိ ရေးဆွဲဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒီ ၅ နှစ်တာကာလမှာတော့ မူဝါဒနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်ကာကွယ်ရေး၊ တရားစွဲဆိုရေး၊ ကာကွယ်စောင့်ရှောက်ရေးစတဲ့ကဏ္ဍ ၄ ရပ်နဲ့ အကောင်အထည်ဖော်  သွားမှာဖြစ်ပြီး လူကုန်ကူးမှုပပျောက်ရေးအတွက်  ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ကို လည်း တိုက်တွန်းထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013