DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့တွင် လျှပ်စစ်ဝန်ထမ်း အမျိုးသား ၁ ဦး ဓာတ်လိုက်ပြီး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
September 13, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့ အမှတ် (၂) ရပ်ကွက် သစ်တောရုံးရှေ့ စက်တင်ဘာလ ၁၂ ရက် ညနေ ၅ နာရီက ဒိုင်ကောင်းကုန်းရွာကို လျှပ်စစ်လိုင်း သွယ်တန်းထားတဲ့ ထရမ်စဖော်မာဓာတ်အားအိုးမှာ လျှပ်စစ်စီးဆင်းမှု အားကောင်း၊ မကောင်း စမ်းသပ်ရာ လျှပ်စစ်ဝန်ထမ်း အမျိုးသား ၄ ဦးအနက် ၁ ဦး လျှပ်စစ်ဓာတ်အား လောင်ကျွမ်းခံရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စခန်းမှူး ဒုရဲမှူးမြင့်သန်းက “မတ်တတ်ရပ်နေသူက လျှပ်စစ်လောင်တဲ့ ဒဏ်ရာတွေ များတယ်။ အသက်ရှင်တယ်။ လိုင်းကြိုးကိုင်ထားတဲ့ ဦးပါလေးက လက်နဲ့ တင်ပါးလောက်သာ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာရပေမယ့် နေရာတင် သေဆုံးတယ်။ ၂ ဦးစလုံးကို ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။

ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့နယ် လျှပ်စစ်ရုံးက လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းလှိုင်၊ လျှပ်စစ်ကျွမ်းကျင်အဆင့် ဦးပါလေး၊ လျှပ်စစ်အလုပ်သမား ကိုသန်းဇော်ဦးနဲ့ ကိုအောင်ကိုမင်းတို့ ၄ ဦးဟာ သစ်တောရုံးရှေ့ တရမ်စဖော်မာအိုးဟာ ကျေးရွာဘက်သွားတဲ့ လျှပ်စစ်လိုင်းများ ဓာတ်အားစီးဆင်းမှု ကောင်း၊ မကောင်း စစ်ဆေးပါတယ်။ ထရမ်စဖော်မာအိုးအနီး ကိုသန်းဇော်ဦးက မတ်တတ်ရပ်နေပြီး ဦးပါလေးက ထိုင်ရက် လျှပ်စစ်လိုင်းကြိုးကိုင်ပြီး လျှပ်စစ်တိုင်းတာတဲ့ မက်ဂါစက်ကိရိယာနဲ့ လျှပ်စစ်စီးဆင်းမှု တိုင်းတာနေချိန် ထရမ်စဖော်မာအိုး အပေါ်ပိုင်းက လျှပ်စစ်မီးတွေ ပန်းထွက်လာပြီး ကိုသန်းဇော်ဦး ရင်ဘတ်နဲ့ ပေါင်တွေမှာ လျှပ်စစ်မီးလောင်ကာ လိုင်းကြိုးကိုင် တိုင်းတာနေတဲ့ ဦးပါလေး ဓာတ်လိုက်ပြီး နေရာမှာပဲ သေဆုံးတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၈/၂၀၁၇ နဲ့ အမှုဖွင့်ပြီး လျှပ်စစ်ဓာတ်လိုက်လို့ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013