DVB Logo
Home
မြန်မာသတင်း
မြိတ်ကျွန်းစုအတွင်း တရားမ၀င်ရှပ်ဆွဲလှေ ၁ စီးအား မြန်မာ့ရေတပ် ဖမ်းဆီး
DVB
·
September 12, 2017
မြိတ်ကျွန်းစုအတွင်း တရားမ၀င်ရှပ်ဆွဲလှေ ၁ စီးအား မြန်မာ့ရေတပ် ဖမ်းဆီး
1 / 3
Donate to DVB

မြိတ်ကျွန်းစုအတွင်း မြန်မာ့ရေတပ်မှ တရားမ၀င်ရှပ်ဆွဲလှေ ၁ စီးနဲ့အတူ မြန်မာလှေသား ၆ ဦးလည်း ဖမ်းဆီးရမိခဲ့ပါတယ်။

မြိတ်ကျွန်းစုအတွင်း တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့ရေတပ်စစ်ရေယာဉ် ၁၁၄ မှ တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၁၀ ရက်နေ့မှာ ငါးဖမ်းပိုက်လှေ မဟုတ်တဲ့ မသင်္ကာဖွယ်ရာ လှေ ၁ စီးကို မီးအချက်ပြခေါ်ယူရာ မလာရောက်ဘဲ ရေပြည့်အော်ကျွန်း အနောက်ဘက်မှ တောင်ဘက်သို့ ထွက်ပြေးသွားတဲ့အတွက် စစ်ရေယာဉ်မှထပ်ကြပ်မကွာ လိုက်လံဖမ်းရမိခဲ့တာပါ။

မြိတ်မြို့နယ် ငါးဦးစီးရုံးမှ ဒုဦးစီးမှူး ဦးဒါဝတ် က "ဒီရှပ်ဆွဲလှေက စက်တင်ဘာ ၁၀ ရက်နေ့မှာ တပ်မတော်စစ်ရေယာဉ် ၁၁၄ က ဖမ်းဆီးမိတာပါ။ ဒီနေ့ ၁၂ ရက်နေ့မှာ မြိတ်ငါးဦးစီးရုံးကို ရှပ်ဆွဲလှေနဲ့ လှေပေါ်ပါ လူ ၆ ဦးကို လာရောက်လွှဲပြောင်းပေးပါတယ်။ ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေအရ တရားစွဲဆိုဖို့အတွက် ဆောင်ရွက်နေပါပြီ"လို့ ပြောပါတယ်။

ဖမ်းဆီရမိတဲ့ လှေနဲ့လှေသား ၆ ဦးကို စက်တင်ဘာ ၁၂ ရက်နေ့က မြိတ်မြို့သို့ခေါ်ဆောင် လာပြီး သက်ဆိုင်ရာသို့ အပ်နှံပေးခဲ့ကြောင်း သိရပါတယ်။

တရားမ၀င်ရှပ်ဆွဲလှေပိုင်ရှင်မှာ မြိတ်မြို့ မြို့သစ်တံတာဦးအနီးနေ ဦးသိန်းနိုင် ဆိုသူဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်နေ့က တောပြားကြီးကျေးရွာကနေ ထွက်ခွာလာကာ ရေပြည့်အော်ကျေးရွာ အနီး ပိုက်လှေငယ်ဟန်ဆောင်ကာ တရားမ၀င်ရှပ်တွေဆွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

အဆိုပါ တရားမ၀င်ရှပ်ဆွဲလှေနဲ့ လှေသားတွေကို မြန်မာ့ပင်လယ်ပြင်ငါးလုပ်ငန်းဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013