DVB Logo
Home
မြန်မာသတင်း
လင်​မယား စကားများရာမှ ဇနီးသည်က ခင်ပွန်းဖြစ်သူကို ဓားဖြင့်ထိုးမှု မင်းကင်းတွင် ဖြစ်ပွား
DVB
·
September 12, 2017
Donate to DVB

စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီလောက်က မင်းကင်းမြို့နယ် မြေစေးတောင်ကျေးရွာမှာ လင်မယားစကားများရာကနေ ဇနီးသည်က ခင်ပွန်းဖြစ်သူကို ဓားနဲ့ ထိုးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ခင်ပွန်းဖြစ်သူက အရက်သေစာ သောက်စားမူးယစ်ကာ ဇနီးဖြစ်သူကို အခြား ယောက်ျားတဦးနဲ့ အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ ထင်မြင်ပြီး ရန်စကားပြောဆိုရာကနေ ဇနီးဖြစ်သူက ဒေါသဖြစ်ပြီး နေအိမ်မီးဖိုချောင်သုံး ဓားမြှောင်နဲ့ ထိုးခဲ့တာပါ။

ဓားနဲ့ထိုးခံသူဟာ ဦးညွှန့်ရွှေဖြစ်ပြီး ဝမ်းဗိုက်ထိုးသွင်းပြတ်ရှဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး မင်းကင်းဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ပေမယ့် ၁၂ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပထမ မသေခင်က ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်ခဲ့ပေမယ် သေဆုံးသွားတဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ပြောင်းလဲ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ မင်းကင်းမြို့နယ် ရဲစခန်း ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဓားနဲ့ဝင်ရောက်ထိုးခဲ့မှုမှာ သုံးခဲ့တဲ့ဓားဟာ အသွား ၆ လက်မကျော်ရှိ ဓားဦးချွန်ဓားမြှောင် ဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ကြူကို မင်းကင်းမြို့မရဲစခန်းက သက်ဆိုင်ရာ ရာဇသတ်ကြီးပုဒ်မနဲ့ အမှုဖွင့် အရေးယူထားတယ်ပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013