DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့ ဆေးဆိုင်များ၌ မှတ်ပုံတင်မထားသည့် ဆေးဝါးများနှင့် ဆေးဝါးအတုများကို  စစ်ဆေး
DVB
·
September 12, 2017
Donate to DVB

မကွေးတိုင်းဒေသကြီး မင်းလှမြို့က ဆေးဆိုင်တွေမှာ မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေနဲ့ ဆေးဝါးအတုတွေကို သက်ဆိုင်ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၉ နာရီခွဲလောက်က ဝင်ရောက်စစ်ဆေးခဲ့ကြပါတယ်။

မင်းလှမြို့နယ်ရဲတပ်ဖွဲမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့တို့က မင်းလှမြို့ပေါ်ရှိ ဆေး အရောင်းဆိုင်တွေကို ဝင်ရောက်စစ်ဆေးခဲ့ကြတာပါ။

မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက “အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့(အင်တာပိုလ်)မှ ဦးဆောင်ကျင်းပတဲ့ ၁၀ ကြိမ်မြောက် ဆေးဝါးအတုနဲ့ မှတ်ပုံတင်မထားတဲ့ ဆေးဝါးများ တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး(Opreation Pangea X) မြို့နယ်အဆင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ အဓိက အိန္ဒိယထုတ်ဆေးဝါးတွေ အပါအဝင်၊ တခြားနိုင်ငံတွေမှ ထုတ်လုပ်တဲ့ ဆေးဝါးအတုတွေ၊ မှတ်ပုံမတင်တဲ့ ဆေးဝါးတွေ ရောင်းချတာ မရှိစေဖို့ ရည်ရွယ်ချက်နဲ့ မင်းလှမြို့ပေါ်က ဆေးဆိုင်တွေအားလုံး ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပြီး ဆေးဝါးအတုတွေ ရောင်းချပါက ပြည်သူတွေအတွက် ဘေးထွက်ဆိုးကျိုး အန္တရာယ်များစွာ ဖြစ်ပေါ်နိုင်တဲ့အတက် နားလည်တတ်ကျွမ်းတဲ့ မြို့နယ် ကျန်းမာရေးဦးစီဌာနက ဆရာဝန်၊ ကျန်းမာရေးဌာနဝန်ထမ်းတွေ ပူးပေါင်းကာ စစ်ဆေးခဲ့တာ ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အလားတူ မင်းလှမြို့နယ် အပါအဝင် မြန်မာနိုင်ငံအနှံ့အပြားအပြင် အင်တာပိုလ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတော်တော်များများမှာလည်း အခုလို စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013