DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် အသည်းရောင်အသားဝါ စီပိုးရှိသူများကို အခမဲ့ကုသပေးနေ
DVB
·
September 12, 2017
မန္တလေးတွင် အသည်းရောင်အသားဝါ စီပိုးရှိသူများကို အခမဲ့ကုသပေးနေ
Donate to DVB

 

မန္တလေးမြို့မှာ  အသည်းရောင်အသားဝါ စီပိုးရှိသူ အယောက် ၁၀၀ လောက်ကို အစိုးရ အစီအစဉ်နဲ့ အခမဲ့ကုသပေးနေတယ်လို့  မန္တလေးပြည်သူ့ဆေးရုံ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်ကနေ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ဆေးရုံ ၄ ခုမှာ လူနာ ၂၀၀၀ ကို အခမဲ့ကုသပေးဖို့ စီစဉ်ခဲ့တာပါ။

မန္တလေးမှာတော့ ဆေးကုသမှုခံယူဖို့ လာရောက်စာရင်းပေးသူ ၅၀၀ ကျော်လောက်ရှိခဲ့ပေမယ့် သတ်မှတ်ချက်နဲ့ ညီတဲ့သူ ၁၀၀ လောက်ကိုပဲ လက်ရှိမှာ ကုပေးနေပါတယ်။

မန္တလေးဆေးရုံကြီး၊ အသည်းရောဂါပညာရေးဌာနမှူး ပါမောက္ခ ဒေါက်တာ ညိုမီခိုင်သန်းလှိုင်က “ကျောက်ကပ်ဖြစ်နေသူတွေ၊ သတိချွတ်ယွင်းသူတွေ၊ သွေးအန်နေသူတွေ၊ ကင်ဆာဖြစ်နေသူတွေနဲ့ ကုလက်စရှိသူတွေကိုတော့ မကုပေးသေးပါဘူး။ ဒီအခြေအနေတွေက သက်သာတယ်ဆိုရင်တော့ ကုပေးသွားမှာပါ” လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ အသက်ငယ်သူတွေမှာ စီပိုးတွေ့တာ ပိုများလာတယ်လို့လည်း သူက ဆိုပါတယ်။ အသည်းရောင် အသားဝါ စီ ပိုးဟာ သွေးကနေ အဓိကကူးတာလို့ ဒေါက်တာ ညိုမီခိုင်သန်းလှိုင်ကပြောပါတယ်။

“လင်မယားချင်း နေထိုင်စားသောက်ရုံနဲ့ မကူးဘူး။ သွေးသွင်းတာကို အားမပေးချင်ဘူး။ သွေးသွင်းဖို့လိုအပ်နေရင်တောင် တခြားနည်းလမ်းကိုသုံးဖို့ တိုက်တွန်းချင်တယ်။ ပြီးတော့ ဆေးထိုးအပ်တွေကို ဂရုစိုက်ဖို့ လိုမယ်” လို့ ပြောပါတယ်။

အသည်းရောင် အသားဝါ စီ ပိုးအတွက် ဆေးသောက်ပြီး ၃ လအကြာမှာ စစ်ဆေးပြီး ပိုးမတွေ့ဘူး ဆိုရင် ပျောက်ကင်းတယ်လို့ ပြောနိုင်ပြီး ၆ လအကြာမှာ ထပ်ပြီး စစ်ဆေးဖို့ လိုတယ်လို့ သိရပါတယ်။

ဒါကြောင့် ကုသဖို့အတွက် ၃ လကနေ ၆ အထိကြာနိုင်ပြီး အပြင်မှာ ကုသမယ်ဆိုရင် သွေးစစ်ခ အပါအဝင် ကျပ်သိန်း ၂၀ ကနေ သိန်း ၄၀ အထိကုန်ကျနိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013