DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁ လုံး ဆုံးရှုံး
DVB
·
September 12, 2017
Donate to DVB

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာမှာ စက်တင်ဘာ ၁၁ ရက်နေ့ ည ၁၀ နာရီ ကျော်က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် နေအိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာမှာ ထင်းမီးဖိုကို ပေါ့ဆစွာ အသုံးပြုခဲ့ရာက မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ကွမ်းသီးသား ပျဉ်ခင်းနေအိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အိမ်ရှင်မခိုင်မာဦး (၂၈-နှစ်)ဟာ နေအိမ်အပေါ်ထပ်မှာ ထင်းမီးသွေးနဲ့ ရေနွေးအိုး တည်ထားခဲ့ကာ သူငယ်ချင်း နေအိမ်နဲ့ ညီမဖြစ်သူ နေအိမ်တွေကို သွားရောက်လည်ပတ်နေချိန် နေအိမ် မီးလောင်ကျွမ်းခဲ့တာပါ။

ဒုရဲအုပ်ကျော်ငြိမ်းက “ညနေပိုင်းမှာ ရေနွေးအိုးတည်ခဲ့တယ်။ မီးကို သေချာမသတ်ခဲ့ဘူး။ ညနေ ၆ နာရီ အိမ်ပြန်လာတယ်။ မီးဖိုကို သတိမထားမိခဲ့ဘူး။ ညနေပိုင်းကျတော့ အပြင်ကို ထပ်ထွက်သွားတယ်။ ည ၁၀ နာရီလောက်တော့ အဲဒီမီးဖိုက မီးကြွင်းမီးကျန်ကနေ မီးစတင်လောင်ပြီး နေအိမ်တခုလုံး ပြာကျသွားခဲ့တာပါ”လို့ ပြောပါတယ်။

မီးလောင်ရာကို တာဝန်ရှိသူတွေနဲ့  ဒေသခံတွေက သွားရောက်ပြီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆ အသုံးပြုသူ မခိုင်မာဦးကို တနင်္သာရီမြို့မရဲစခန်းက (ပ) ၂၄၂ /၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013