DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရင်းနှီးမြှုပ်နှံမှုဖိုရမ် ဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
September 12, 2017
Donate to DVB

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor(Asia) တို့ပူးပေါင်းပြီး Myanmar Global Investment Forum ဆွေးနွေးပွဲကို စက်တင်ဘာ ၁၂ နေ့က နေပြည်တော်ရှိ MICC II မှာ ကျင်းပပါတယ်။

ပြီးခဲ့တဲ့နှစ်က အစိုးရသစ် အပြောင်းအလဲကြောင့် ရင်းနှီးမြှုပ်နှံမယ့်သူတွေက စောင့်ကြည့်နေတဲ့ အနေအထားမျိုးရှိပြီး ဘယ်လို ကဏ္ဍတွေကို ဦးစားပေးမှာလည်း၊ ဘယ်လိုမျိုး စီးပွားရေး မူဝါဒတွေကို ချမှတ်မှာလည်း ဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားနေတာလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းဌာနက ညွန်ကြားရေးမှူးချုပ် ဒေါ်ဝါဝါမောင်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေလည်း ရှိတယ်ဆိုတာ သူတို့သိတယ်။ ဒါပေမယ့် တဖက်ကလည်း ကြည့်မယ်ဆိုရင် အခွင့်အလမ်းတွေလည်း အများကြီးရှိတယ်ဆိုတာသိတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို စိတ်ပါဝင်စားတယ်။ နောက်တစ်ခုက အစိုးရကိုလည်း ကမ္ဘာကနေ ကူညီချင်တဲ့ ဆန္ဒမျိုးတွေရှိတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတဲ့အခါမှာ အထူးသဖြင့် ဘယ်လိုကဏ္ဍမျိုးတွေ၊ သူတို့ကဘယ်လို ကဏ္ဍမျိုးမှာ ရင်းနှီးမြှုပ်နှံချင်တာလည်းရယ်၊ ကိုယ့်ဘက်က ဘယ်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတာလည်းဆိုတာ ဒီဟာကို ယှဉ်တွဲပြီးတဲ့အခါကျတော့ ကိုယ့်ရဲ့လိုအပ်ချက်နဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ညှိတဲ့ အနေအထားမျိုးတွေ ဆက်လက်ဖြစ်ပေါ်စေဖို့အတွက် ဒီလိုဖိုရမ်ကို တနှစ် တကြိမ် ကျင်းပတာပါ”

၂၀၁၇-၁၈ ဘဏ္ဍာနှစ် လက်ရှိအချိန်ထိ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ ကုန်ထုတ်လုပ်မှုကဏ္ဍက အများဆုံးဖြစ်ပြီး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာဆို စင်ကာပူက အများဆုံးနဲ့ တရုတ်က ဒုတိယ၊ အဲဒီနာက်မှာ ဟောင်ကောင်နဲ့ ထိုင်း ရှိတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။

လက်ရှိ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံမှာ  ရင်းနှီးမြှုပ်နှံမှု ပမာဏအားဖြင့် အမေရိကန် ဒေါ်လာ ၆ ဘီလီယံလောက် မှန်းထားရာမှာ ဒေါ်လာ ၃ ဘီလီယံခွဲကျော် ဝင်ရောက်လာပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013