DVB Logo
Home
မြန်မာသတင်း
မလေးရှားရောက်မြန်မာအလုပ်သမား ၆၀၀ ကျော် ထိုင်းနိုင်ငံမှတဆင့် မြန်မာပြည်ပြန်
DVB
·
September 12, 2017
မလေးရှားရောက်မြန်မာအလုပ်သမား ၆၀၀ ကျော် ထိုင်းနိုင်ငံမှတဆင့် မြန်မာပြည်ပြန်
Donate to DVB

 

လတ်တလော ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုပြဿနာတွေ ဖြစ်ပွားပြီးတဲ့နောက် မလေးရှားနိုင်ငံရောက်   မြန်မာနိုင်ငံသား ၆၀၀ ကျော် ထိုင်းနိုင်ငံကနေတဆင့် နေရပ် ပြန်လာခဲ့ကြပါတယ်။

အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်စိတ်နဲ့ရော အလုပ်သမားကတ် စာရွက်စာတမ်းမပြည့်စုံတဲ့ အတွက်ပါ မလေးရှားရောက် မြန်မာတချို့ဟာ ယမန်နေ့ ညနေပိုင်းက ၂၆၄ ဦး၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က ၁၀၀ ကျော်နဲ့  စက်တင်ဘာလ ၅ ရက်နေ့က ၂၃၁ ဦး  စုစုပေါင်း ၆၀၀ ကျော်  ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ကို ရောက်လာကြတယ်လို့  ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ဘဂါင်္လီအကြမ်းဖက်မှုတွေအပေါ်မှာ စိုးရိမ်ကြောင့်ကြမှုဖြစ်ပြီးတော့ သူတို့မိဘတွေက ပြန်ခေါ်လို့ပါ။ မိဘတွေကနေပြီးတော့ ကိုယ့်မိသားစုဝမ်းရေးအတွက် အသက်နဲ့ အလောင်းအစား မလုပ်နဲ့ပေါ့ဗျာ။ တချို့ကလည်း အလုပ်သမားနဲ့ ဆိုင်တဲ့ စာရွက်စာတမ်းအထောက်အထားက မပြည့်စုံတာလည်း ပါတယ်။ စာရွက်စာတမ်းပြည့်စုံတာတောင်မှ  ဟိုမလေးမှာက လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုက ရှိနေတယ်လေ၊ ရောက်လာတဲ့ထဲမှာ လူရွယ်တွေက အများစု၊ ကလေးတွေ လည်း ပါလာတယ်”

အဆိုပါ အလုပ်သမားတွေဟာ မလေးရှားနိုင်ငံမှ ထိုင်းနယ်စပ်၊ အဲဒီကနေတဆင့် တာ့ခ်ခရိုင် မဲဆောက် လ.ဝ.က ရုံးမှာ လာရောက်သတင်းပို့ကြတာဖြစ်ပြီး ထိုင်း လ.ဝ.က ကလည်း မြန်မာ လ.ဝ.က ကို အကြောင်းကြားပေးခဲ့ပါတယ်။

အဲဒီနောက် မြန်မာဘက်က သူတို့ကို မြဝတီမြို့ ကျောက်လုံးကြီး ကယ်ဆယ်ရေးစခန်းကို ပို့ဆောင်ပေးခဲ့ပြီး  မြဝတီခရိုင် တာဝန်ရှိသူနဲ့ တပ်မတော်သားတွေက သူတို့ရပ်ရွာကို ပြန်လည်ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013