DVB Logo
Home
မြန်မာသတင်း
ARSA အကြမ်းဖက်သမား ၆ ဦးကို ၀ိုင်းဝန်းဖမ်းဆီးအပ်နှံ
DVB
·
September 12, 2017
ARSA အကြမ်းဖက်သမား ၆ ဦးကို ၀ိုင်းဝန်းဖမ်းဆီးအပ်နှံ
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်တန်းကျေးရွာမှာ  ARSA အစွန်းရောက် အကြမ်းဖက်သမား ၆ ဦးကို ဒေသခံဘင်္ဂလီတွေက ၀ိုင်းဝန်းဖမ်းဆီးရမိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေထံ အပ်နှံခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။  

စက်တင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်သမား ၆ ဦးက  ဓား၊ လေးခွတွေကိုင်ဆောင် ကျေးရွာအတွင်း ၀င်ရောက်လာပြီး ကညင်တန်းကျေးရွာနေ နူရ်ဟာဆောင်ရဲ့ သားဖြစ်သူ အာလီခါန်အသက် ၂၄ နှစ်ကို ဖမ်းဆီးခေါ်ဆောင်တဲ့အတွက် ကျေးရွာနေ ဘင်္ဂါလီအချင်းချင်းက လက်မခံဘဲ ၀ိုင်းဝန်းဖမ်းဆီးခဲ့တာလို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါဖမ်းဆီးရမိသူ ၆ ဦးမှာ ရသေ့တောင်မြို့နယ်၊ နီးလင်းဘော်ကျေးရွာနေ မော်ဂိုလာမောက်၊ အောက်နန်းရာကျေးရွာနေ ဟူဆောန်းအာမတ်၊ ဘလာမီကျေးရွာနေ ဆော်ယော့ဒူလ္လာ၊ ပေါက်ပင်ရင်းကျေးရွာနေ ကေပါ ယာဒ်အူလ္လာ၊ နီလင်းဘော်ကျေးရွာနေ ဘော်ရှီးအူလ္လာနဲ့ နီလင်းဘော်ကျေးရွာနေ အတာဟူရာမန်တို့ဖြစ်ပြီး ၎င်းတို့ကို ဓား ၄ ချောင်း၊ လေးခွ ၁ လက်နဲ့ အတူ  ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမားတွေကို နယ်မြေရှင်းရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံ လွှဲပြောင်း အပ်နှံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013