DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်ခြင်း ၁ လပြည့် ဆွမ်းကပ်လှူဒါန်း (သတင်းဓာတ်ပုံ)
DVB
·
September 12, 2017
အန်အယ်လ်ဒီဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်ခြင်း ၁ လပြည့် ဆွမ်းကပ်လှူဒါန်း (သတင်းဓာတ်ပုံ)
1 / 4
Donate to DVB

 

အန်အယ်လ်ဒီဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်ခြင်း ၁ လပြည့် ဆွမ်းကပ် လှူဒါန်းတဲ့ အခမ်းအနားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဗဟို အမျိုးသမီးအဖွဲ့နဲ့ ပါတီဝင်တွေ စုပေါင်းပြီး ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ဒီနေ့ မနက်ပိုင်းက ကျင်းပပါတယ်။

ဦးအောင်ရွှေဟာ အန်အယ်လ်ဒီပါတီ စတင်ဖွဲ့စည်းကတည်းက ဗဟိုအလုပ်အမှုဆောင်အနေနဲ့ ပါဝင်ခဲ့သူဖြစ်သလို ၁၉၉၀ ရွေးကောက်ပွဲမှာ မရမ်းကုန်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေက ရွေးကောက်ခံ အမတ်လည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ နေအိမ်အကျယ်ချုပ်ဘဝမှာ ပါတီဥက္ကဋ္ဌတာဝန်ကို ယူခဲ့ပါတယ်။

သူဟာ ဗမာ့တပ်မတော်မှာ ၁၉၄၅ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့သူဖြစ်သလို ၁၉၆၁မှာ  ဗိုလ်မှူးချုပ်အဆင့်နဲ့ တပ်ကနေ အနားယူခဲ့ပါတယ်။ ဦးအောင်ရွှေ ကွယ်လွန်ချိန်မှာ အသက် ၁၀၁နှစ်ရှိပြီဖြစ်ပြီး သား ၃ ဦးနဲ့ သမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013