DVB Logo
Home
မြန်မာသတင်း
အင်းတော်မြို့နယ်တွင် ကျောင်းသား ၅၀ ကျော် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွား
DVB
·
September 12, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် သက္ကယ်ကျင်းကျေးရွာရှိ စာသင်ကျောင်းမှာ ကျောင်းသား ၅၀ ကျော် ရာသီတုပ်ကွေး ဖြစ်ပွားနေလို့ ကျန်းမာရေးဌာနက ဆေးကုသစောင့်ရှောက်ပေးနေရပါတယ်။

သက္ကယ်ကျင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ကြီး ဦးစည်သူအောင်က “ကျနော်တို့ကျောင်းမှာ ကျောင်းသား ၃၀၂ ဦး ရှိပါတယ်၊ လက်ရှိ ပျက်ကွက်နေတာ ၅၆ ဦးရှိပါတယ်၊ ဆေးရုံတင်ထားရတာက ၃ ဦး ရှိပါတယ်၊ ကျနော်က မနေ့ကမှ သတိပြုမိတာပါ။ ရက်ကြာလာလို့ မိခင်ပညာရေးဌာနကို တင်ပြတယ်၊ မနေ့က ၃၄ ယောက် နေမကောင်းဖြစ်တယ်။ ဒီနေ့က ၅၆ ယောက် နေမကောင်းဖြစ်နေပါတယ်” လို့ ပြောပါတယ်။

အင်းတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနက ဆရာမဒေါ်အိအိချိုက “ကျမတို့ ကျန်းမာရေးဌာနက ဟောပြောပွဲလုပ်တယ်၊ အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လုပ်ပေးတယ်၊ KG တန်းက ၈ တန်းအထိ အကုန်လုံးနီးပါးကို ကြည့်ပေးပါတယ်။ တချို့အရမ်းဖျားရင် ငှက်ဖျားပိုး ရှိ၊ မရှိ စစ်ပေးတယ်။ ငှက်ဖျားပိုး မရှိရင် အဖျားပြတ်ဆေး ပေးပါတယ်၊ တအားကြီး စိုးရိမ်စရာမလိုပါဘူး၊ ဒါက ဖြစ်လေ့ဖြစ်ထရှိတယ်တဲ့ ရာသီတုပ်ကွေးပါ” လို့ဆိုပါတယ်။

သက္ကယ်ကျင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှာ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက မနေ့က အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးတာနဲ့ ကျန်းမာရေး အသိပညာပေး ဟောပြောပြီး ငှက်ဖျားပိုး ရှိ၊ မရှိ သွေးဖောက်စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013