DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် တရားမ၀င် ကျွဲနွားသယ်ဆောင်သူများကို ဖမ်းဆီး
DVB
·
September 11, 2017
အင်းတော်တွင် တရားမ၀င် ကျွဲနွားသယ်ဆောင်သူများကို ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်း နားရခေါင်ကျေးရွာ ရေကျော် တံတားအနီးမှာ ဒီကနေ့ မနက်ပိုင်းက တရားမ၀င် သယ်ဆောင်လာတဲ့ ကျွဲ နွားတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

နဘား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ရပ်မိရပ်ဖတွေနဲ့အတူ သတင်းအရ သွားရောက် ကြည့်ရှုရာမှာ ၁၂ ယာဉ်နဲ့ သယ်ဆောင် မောင်းနှင်လာတဲ့ ကျွဲ ၁၇ နဲ့ နွား ၁၀ ကောင် တို့ကို တွေ့ရှိခဲ့တာဖြစ်ပြီး အထောက်အထား ပြသနိုင်ခြင်း မရှိတဲ့အတွက် သက်ဆိုင်ရာ နဘားရဲကင်းကို အပ်နှံခဲ့တာလို့ နဘား ကျေးရွာ အုပ်ချုပ်ရေးမှူးး ဦးညီညီဝင်းက ပြောပါတယ် ။

“ကချင်ပြည်နယ် နယ်စပ်ဒေသ ဈေးကွက်မှာ ကျွဲ နွားတွေ ဈေးကောင်း ရရှိလာတဲ့အတွက် အခုလို တရားမဝင် သယ်ယူမှုတွေ များလာတာပါ။ ဒီနေ့ ဖမ်းမိတဲ့ ကျွဲ နဲ့ နွား တကောင်ရဲ့ တန်ဖိုးဟာ ဒေသတွင်း ကာလပေါက်ဈေး ၁၀ သိန်းကျော်ပါတယ်။ နယ်စပ်ဈေးကွက်မှာ ထက်ဝက် အမြတ် အစွန်းရရှိတယ် လို့ သိရပါတယ်” လို့ နဘားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း က ပြောပါတယ် ။

ကျွဲ နွားတွေကို ကောလင်းမြို့နယ် ညောင်ကုန်းကျေးရွာ မှ သယ်ဆောင်လာတာဖြစ်ပြီး ယာဉ်မောင်း ယာဉ်နောက်လိုက်နဲ့ ကျွဲ နွား မောင်းနှင်သူ လူ ၃ ဦးတို့ကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယာဉ်မောင်း ကျော်စိုးမိုး၊ စိုးခိုင်၊ သန်းဇော်ဝင်း၊ ဝင်းဇော်၊ ဇင်မင်းထွန်း တို့ ၅ ဦးကို တရားမဝင် နယ်ကျော်ဖြတ်သန်းမှု အရေးကြီးကုန်စည် ပုဒ်မ-၅ နဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ နဘား ရဲ ကင်းမှုး ရဲအုပ် ခင်ဇော်ထိုက် က ပြောပါတယ် ။

သီဟဆွေ- ကသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013