DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးမြို့အနီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၀ ရှိ ငလျှင် လှုပ်ခတ်
DVB
·
September 11, 2017
တိုက်ကြီးမြို့အနီး အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၀ ရှိ ငလျှင် လှုပ်ခတ်
Donate to DVB

မြန်မာစံတော်ချိန် (၀၇)နာရီ (၄၉) မိနစ် (၄၃) စက္ကန့် အချိန်မှာ တိုက်ကြီးမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားကြောင်း မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

မြို့ခံတဦးဖြစ်သူ ဦးတင်ဝင်းနိုင်ကတော့ ငလျှင် ၃ ကြိမ်လှုပ်ခတ်သွားတယ်လို့ ပြောပါတယ်။

“ဒီနေ့ မနက် ၇ ခွဲမှာ တကြိမ် ၇ နာရီ ၄၅ မိနစ်မှာ တကြိမ ၈ ကျော်မှာ တကြိမ် ၃ ကြိမ်လှုပ်သွားပါတယ်။ ပထမတကြိမ်နဲ့ ဒုတိယတကြိမ်လှုပ်တာ ပြင်းပါတယ်။ နောက်တကြိမ် ကတော့ နည်နည်းနည်းလေးလှုပ်တာပါ။ ဒါပေမယ့် ကျနော်တို့မြို့မှာ မတ်လ ၁၃ ရက်နေ့ ညဘက်မှာ ငလျှင်လှုပ်ခဲ့ဖူးတယ်လေ။ အဲ့တုန်းက အားပြင်းတော့ လူနေအဆောက်အဦတွေ ဘုန်းကြီးကျောင်းနဲ့ဘုရားပုထိုးတွေ ဌာနဆိုင်ရာ အဆောက်အဦတွေ ပြိုကျခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ အခုချိန်ထိလည်း အန္တရာယ်ရှိတဲ့အဆောက်အဦတွေ ရှိနေပါသေးတယ်။ ပြီးတော့ ငလျှင်က ခဏခဏလှုပ်နေတော့ လူတွေက စိုးရိမ်ကျတာပေါ့။”

ဒီနေ့လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြောင့် ရပ်ကွက်ကျေးရွာတွေမှာ ပျက်စီး ဆုံးရှုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ ည ၈ နာရီ ၄၉ မိနစ်အချိန် လှုပ်ခတ်ခဲ့တဲ့ ငလျှင်လှုပ်ခတ်မှုကြောင့် လူ နှစ်ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါအပြင် သာသနိက အဆောက်အအုံ ၂၉ လုံး၊ စာသင်ကျောင်း တစ်ကျောင်း၊ ဌာနဆိုင်ရာရုံး ၉ ရုံး၊ အခြားအဆောက်အအုံ ခြောက်လုံး၊ တံတားနှစ်စင်း၊ ကွန်ကရစ်လမ်းတလမ်း ထိခိုက်ပျက်စီးခဲ့ပြီး လူနေအိမ် ၃ လုံး၊ ရဲဝန်ထမ်းလိုင်းခန်းနေအိမ် ၃ လုံး ပြိုကျပျက်စီးခဲ့ပြီး ကျပ်သန်း ၁၉၅ သန်းဖိုး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

အခုတကြိမ် ငလျှင်ထပ်မံလှုပ်ခတ်လာတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်မှု ဖြစ်ပေါ်နေပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013