DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်တွင် ကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ နိုင်ငံခြားငွေများတွေ့ရှိသိမ်းဆည်း
DVB
·
September 11, 2017
ရန်ကုန်လေဆိပ်တွင် ကျပ်သိန်း ၅၀၀၀ ကျော်တန်ဖိုးရှိ နိုင်ငံခြားငွေများတွေ့ရှိသိမ်းဆည်း
Donate to DVB

 

ရန်ကုန်လေဆိပ်မှာ  မြန်မာနိုင်ငံသား၁ ဦးထံမှ အိန္ဒိယငွေ ရူးပီး ၂၀၀၀ တန် ၁၃၀၀ ရွက်နဲ့ အမေရိကန် ဒေါ်လာ ၁၀၀ တန် ၂၀ ရွက် တွေ့ရှိသိမ်းဆည်း အရေးယူထားတယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၀ ရက်ည စင်ကာပူနိုင်ငံ  ချန်ဂီလေဆိပ်သို့ Jetstar လေကြောင်းလိုင်းနဲ့ လိုက်ပါဖို့ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ ခရီးသည် မြန်မာနိုင်ငံသား ဖြိုးသက်အောင်၊ (၃၂)နှစ် ဒဂုံမြို့သစ်(တောင်ပိုင်း)မှာနေထိုင်သူဟာ  Terminal-2 ပြည်ပထွက်ခွာဆောင် Main X-Rayစက်မှာ ခရီးဆောင်အိတ်(၂)လုံးကို စစ်ဆေးခံစဉ်မှာ နိုင်ငံခြားငွေတွေ တွေ့ရှိခဲ့တာပါ။

လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)ရုံးခန်းသို့ ခေါ်ဆောင် စစ်ဆေးခဲ့ရာ ခရီးဆောင် အိတ် (၂) လုံးအတွင်းမှ အိန္ဒိယနိုင်ငံသုံး ရူးပီးငွေ (၂,၀၀၀) တန် (၁၃,၀၀၀) ရွက်၊ ၎င်း၏ကျောပိုးအိတ် အတွင်းမှ အမေရိကန်ဒေါ်လာ (၁၀၀)တန်(၂၀)ရွက် စုစုပေါင်း တန်ဖိုးကျပ် (၅၄၈၇)သိန်းအား တွေ့ရှိခဲ့လို့  အကောက်ခွန် ဌာနက သိမ်းဆည်းခဲ့ပြီး ဥပဒေအရ အရေးယူဖို့  စီစဉ်ထားတယ်လို့ ပြည်ထဲရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013