DVB Logo
Home
မြန်မာသတင်း
ကောလာဟလသတင်းများကြောင့် ဟင်္သာတမြို့တွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်
DVB
·
September 11, 2017
ကောလာဟလသတင်းများကြောင့် ဟင်္သာတမြို့တွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့မှာ ဒီနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်က ဟင်္သာတမြို့နယ် မန်းဘခိုင်လမ်းရှိ အိမ်ဆောက်ပစ္စည်းနဲ့ သံပစ္စည်းအရောင်းဆိုင်တွေကို ကောလာဟလသတင်းကြောင့် ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ဟင်္သာတအမှတ် (၁) မြို့မရဲစခန်းမှစခန်းမှူးနဲ့အဖွဲ့တို့မှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

အမှတ် (၁) မြို့မစခန်းမှူး ဒုရဲမှူးကြီး ခင်မောင်ထွန်းက “ကျနော်တော့ ဘယ်ဘာသာ ဘယ်လူမျိုးမဆို ဥပဒေနဲ့အညီလုပ်တာကိုပဲကြိုက်တယ်။ အခုလည်း ကျနော်တို့က ဒီလိုရောင်းတဲ့ဆိုင်တွေကို အကုန်ဝင်ရောက် စစ်ဆေးမှာပါ။ ကျနော်တို့ဘက်က တဖက်သတ် လိုက်လံစစ်ဆေးတာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရောင်းနေတဲ့ ဆိုင်တွေကိုလည်း ကျနော်တို့ဘက်က တာဝန်ရှိတဲ့အတိုင်း တပြေးညီစစ်ဆေးတာတွေ ပြုလုပ်မှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဥယဉ်မြောက် ယာယီအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးကတော့ “ဒီလို သံထည်ပစ္စည်းတွေ ရောင်းခဲ့တာဟာ အခုမှ မဟုတ်ပါ။ သူတို့ရဲ့မိရိုးဖလာအဖြစ်ရောင်းနေတာဟာ အတန်ကြာခဲ့ပါပြီ။ အခုလိုမျိုးတော့ တခါမှစစ်ဆေးခဲ့တာ မရှိခဲ့ပါဘူး။ အခုလိုကောလာဟလသတင်းတွေကြောင့် စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာဟာလည်း ကျနော့်အမြင်နဲ့ ပြောရရင်တော့ ကောင်းတာ လုပ်တယ်လို့ မြင်တယ်။ နောက်ကြို တင်ကာကွယ်မှု တရပ်လည်းဖြစ်သွားတာပေါ့။ တကယ်ကိုကောင်းပါတယ်”လို့ ပြောသွားပါတယ်။

“ကျနော်တို့ ဟင်္သာတမြို့နယ်အတွင်းမှာ ဘာတခုမှ မဖြစ်ဘူး။ မလိုအပ်တဲ့ သတင်းတွေကိုလည်း မလွှင့်ကြဖို့ ကောလာဟလသတင်းတွေကို လိုက်လံပြောတဲ့သူတွေကိုလည်း မယုံကြည်ကြပါနဲ့” လို့ မြို့အတွင်းမှာ အသံချဲ့စက်နဲ့ လိုက်လံအသိပေးကြေညာနေတာကိုလည်း တွေ့ရှိခဲ့ရပြီး။ မမှန်မကန်သတင်းတွေကို ကြားသိပါက သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်မေးမြန်း သတင်းပေးကြပါလို့ ဟင်္သာတမြို့တွင်းမှာ အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုကြက် (ဟင်္သာတ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013