DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးပဋိပက္ခအခြေအနေ လွှတ်တော်အမတ်ပြောကြားချက် (ရုပ်သံ)
DVB
·
September 11, 2017
တောင်တွင်းကြီးပဋိပက္ခအခြေအနေ လွှတ်တော်အမတ်ပြောကြားချက်  (ရုပ်သံ)
Donate to DVB

မကွေးတိုင်းဒေသကြီး တောင်တွင်းမြို့မှာ စက်တင်ဘာ ၁၀ ရက်ညပိုင်းက  ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ကိုယ်တိုင်ဝင်ကူညီဖြေရှင်းပေးခဲ့ရတဲ့ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ရဲ့ပြောကြားချက် အပြည့်အစုံ...

“ကျနော်တို့ဒီတောင်တွင်းကြီးမှာ ပဋိပက္ခလေးတွေ ဖြစ်ခဲ့တယ်။ ဖြစ်တယ်ဆိုတာကလည်း ဒီ ၁၀ ရက်နေ့တို့ ၁၁ ရက်နေ့တို့ အွန်လိုင်းပေါ်မှာ သွေးထိုးလှုံ့ဆော်တာလေးတွေ လုပ်နေတာ တွေ့ရ တယ်။ ကျနော်တို့ ဂရုစိုက်နေတဲ့ကြားကကို တောင်တွင်းကြီးမှာ ပဋိပက္ခတွေ ဖြစ်သွားတယ်။ ပြောချင်တာက သတင်းအမှားတွေဖြစ်နေတဲ့ကိစ္စ ရာဘာကျည်ဆန်နဲ့ ပစ်တယ်ဆိုပြီးတော့ ဖြိုခွင်းတယ်ဆိုတဲ့ ကိစ္စမျိုးတွေ။ ဒီမှာ ကျနော်တို့ ကိုယ်တိုင်ရှိလည်းရှိတယ် ၀င်ပြီးတော့ ဖြေရှင်းလိုက်ရတဲ့ ဟာတွေရှိတယ်။ လူဦးရေက တကယ်တမ်းကျတော့ ဟိုနားတစု ဒီနားတစုနဲ့  အယောက် ၁၀၀ လောက်ပဲရှိတယ်။ အဲဒါကလည်း ၁၀၀ လောက်က ၀ိုင်းဝန်းပြီး ဖျက်ဆီးနေတာ မဟုတ်ဘူး။ တကယ်တမ်း လူဦးရေ အယောက် ၃၀ လောက်နဲ့ပဲ ဘာသာခြားဆိုင် အသေးလေးတွေကို ဖျက်ဆီးတာလုပ်တာပါ။ လူအများကြီးနဲ့ အယောက် ၄၀၀၊ ၅၀၀နဲ့ ဖျက်ဆီးတယ်ဆိုတဲ့ ကိစ္စတွေ ဖေ့စ်ဘွတ်ပေါ်တက်သွားတယ်။ ပေ့ခ်ျတွေက တင်တာမျိုးတွေ ကျနော်တို့ မဖြစ်စေချင်ဘူး။ တကယ်တမ်း မြေပြင်မှာ ဖြစ်တဲ့ဟာ  တိကျစေချင်တယ်။ လေးရာ ငါးရာဆိုတာ မဟုတ်ဘူး သတင်းဌာနတခုကနေတက်တယ်။ ဘေးသတင်းကနေ ယူသွားပြီး သုံးသွားတာတွေ ကျနော်တို့က ဖြေရှင်းရတဲ့အတိုင်းအတာတခုမှာကျတော့ ကျနော်တို့ မြို့မှာ ဖြစ်တယ်၊ ဖြစ်တဲ့ပဋိပက္ခလေးကို  ဘေးမြို့တွေကိုလည်း မကူးစေချင်ဘူး။ မကူးစေချင်တဲ့ အကြောင်းရင်းက တနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ်  ငြိမ်းချမ်းစေချင်တယ်။ လူနည်းစုကနေ ဖွတယ်။ ဆူပူအောင်လုပ်တယ်။ လှုံ့ဆော်တယ်၊ အဲဒီထဲကို ပြည်သူလူထုပါ မသွားစေချင်ဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013