DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် မီးအားမြှင့်စက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
DVB
·
September 11, 2017
မော်လမြိုင်တွင် မီးအားမြှင့်စက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား
Donate to DVB

မော်လမြိုင်မြို့၊ သီရိမင်္ဂလာ (၁၆) လမ်းမှာ ဒီနေ့မနက် ၉ နာရီလောက်က မီးအားမြှင့်စက် အပူလွန်ကဲပြီး လူနေအိမ်အပါအ၀င် မော်တော်ကားတွေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ မုပွန်နယ်မြေရဲစခန်းက ပြောပါတယ်။

ဖြစ်စဉ်မှာ အဆိုပါနေအိမ်ရှိ အိမ်ရှင်တွေ ခရီးသွားနေချိန် ဒေါ်မော်စီရဲ့ နေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အစ်မဖြစ်သူ ဒေါ်ဝေေ၀နွယ်က ကလေးကျောင်းပို့နေချိန် မီးအားမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကာ မီးသတ်ယာဉ် ၈ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မော်လမြိုင်ခရိုင် မီးသတ်တပ်ဖွဲ့ရုံးက သိရပါတယ်။

“သူ့အိမ်တလုံးရယ်၊ ဘေးကပ်လျက် အိမ်တလုံးရယ် မီးလောင်သွားတာပါ။ မီးကူးစပ်လောင်ခံရတဲ့ အိမ်က ဖက်မိုး၊ ပျဉ်ကာ ပျဉ်ခင်း နဲ့ မီးစလောင်တဲ့အိမ်က သွပ်မိုး၊ ပျဉ်ကာ ပျဉ်ခင်းပါ။ ၉ နာရီခွဲလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်” လို့ ခရိုင်မီးသတ်တပ်ဖွဲ့က လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင် က ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ် ၂ လုံး၊ ဟွန်ဒါဖစ် ကားတစီး၊ မော်တော်ဆိုင်ကယ်တစီး၊ စက်ဘီးတစီးအပါအ၀င် စုစုပေါင်း ကာလတန်ဖိုး ၈၇ သိန်း၊ ၄ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ် လို့ သိရပါတယ်။

သတင်း-အာကာမင်း

ဓာတ်ပုံ-မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013