DVB Logo
Home
မြန်မာသတင်း
တသီးပုဂ္ဂလ ၈ ဦး ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည်
DVB
·
March 20, 2012
တသီးပုဂ္ဂလ ၈ ဦး ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည်
Donate to DVB

လာမယ့် ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် အရွေးခံကြမယ့် ကိုယ်စားလှယ်လောင်း ၁၆၈ ဦးရှိပြီး၊ ဒီထဲက ၈ဦးဟာ တသီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းတွေ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က  ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_15363" align="alignleft" width="300" caption="မဲ​ရေ​တွက်​နေ​စဉ်​ (၂၀၁၀​ ​ရွေး​​ကောက်​ပွဲ)"][/caption]

တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦးနဲ့ ၀င်ရောက် အရွေးခံမယ့် မြို့နယ်တွေ ကတော့ ကချင်ပြည်နယ် မိုးကောင်းမှာ ဒေါက်တာတူးဂျာ၊ မန္တလေးတိုင်း မိတ္ထီလာ မှာ ဒေါ်မြင့်မြင့်အေး၊ နေပြည်တော်တိုင်း ပုဗ္ဗသီရိမြို့နယ်မှာ ဦးလွင်မြင့်သန်း၊  ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ ဦးခင်လှိုင်(ဇောတိက သင်္ကန်း)၊ မကွေးတိုင်း ရေစကြို မှာ ဦးဟန်ရှင်ဝင်း၊ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မှာ ဦးစိန်လှ၊ ဦးညွန့်ဦးနဲ့ ဦးကျော်ကျော်တို့ ဖြစ်ကြပါတယ်။

ဒီထဲမှာ မန္တလေးတိုင်း မိတ္ထီလာမြို့နယ်ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် ၀င်ရောက် ယှဉ်ပြိုင် မယ့် ဒေါ်မြင့်မြင့်အေးဟာ အရင်က အန်အယ်လ်ဒီ ပါတီဝင် ဖြစ်တာမို့ အခု မဲဆွယ် စည်းရုံးတဲ့ အခါမှာ ဘယ်လို စည်းရုံးလဲလို့ မေးကြည့်တော့

“ရွေးကောက်ပွဲဝင်ဖို့ အန်အယ်လ်ဒီကလည်း ဆုံးဖြတ်တယ်။ မိတ္ထီလာမှာလည်း တနေရာ လစ်လပ်တယ်၊ ကျမကိုလည်း အန်အယ်လ်ဒီအနေနဲ့ အနှစ် ၂၀ လုပ်ခဲ့တယ် ဆိုတော့ လူထု အားလုံးက ကျမကိုပဲ ၀င်စေချင်တယ်။ ကျမပဲ အပြတ်အသတ် နိုင်မယ်။ အဲဒီလို ယုံထားတဲ့အပေါ် ရှိတာကို၊ အခု ကျမက တသီးပုဂ္ဂလဖြစ်တယ် ဆိုတော့ ရှင်းရှင်းလေး ဖြစ်သွား တယ်။ အတိုချုပ်တော့ ပြောရတယ်။ နာရီဝက်လောက် ပြောပြရ တယ်။ အဲဒီ အနေအထားပါ၊ အဲဒီတော့ ကျမဘက်က တသီးပုဂ္ဂလ ဆိုတာကိုပဲ ရှင်းရှင်းလင်းလင်း ပြောခဲ့သလို  ကျမ အမှတ်အသားကို ပြောတယ်။ ကျမလည်း အနှစ် ၂၀ လုံးလုပ်ခဲ့တော့ ပြည်သူလူထုလည်း ကျမကို ကောင်းကောင်းသိတယ်။”

မိတ္ထီလာမှာ အန်အယ်လ်ဒီပါတီက ဦးဝင်းထိန် အပါအ၀င် ပါတီ ၃ ခုက ကိုယ်စား လှယ်လောင်း ၃ ဦးနဲ့ တသီးပုဂ္ဂလ ၁ ဦး။ စုစုပေါင်း ၄ ဦး ၀င်ရောက် ယှဉ်ပြိုင် အရွေးခံကြ မှာ ဖြစ်ပြီး မြို့နယ်တွင်း မဲပေးနိုင် သူ စုစုပေါင်းက၂ သိန်း လောက် ရှိပါတယ်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာတော့  ဇောတိက သင်္ကန်းတိုက်ပိုင်ရှင်  ဦးခင်လှိုင်ဟာ အန်အယ်လ် ဒီပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာမေ၀င်းမြင့်၊ ကြံ့ခိုင်ရေးပါတီက ဦးရဲထွဋ် ၊ အမျိုးသား ဒီမိုကရေစီပါတီ သစ်က အဆိုတော်ရသ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက  ဒေါ်ခင်ဖြူဖြူငြိမ်းနဲ့ မြန်မာအမျိုးသား ကွန်ဂရက်ပါတီ က ဒေါ်ဟေမာဌေးတို့ နဲ့ အတူ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ထူးခြားတာကတော့ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၃ ဦး ၀င် အရွေးခံတာ တွေ့ရပါတယ်။ မဟာအောင်မြေမြို့နယ်မှာ ပါတီ ၅ ခုက ကိုယ်စားလှယ် ၅ ဦး အပြင် တသီးပုဂ္ဂလ ၃ ဦး စုစုပေါင်း ကိုယ်စားလှယ် ၈ ဦးထိ ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ခုလို ကိုယ်စားလှယ်လောင်းတွေ များနေတော့ မဲတွေ ပြား မသွားနိုင်ဘူးလား လို့ မေးတော့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် “မဲပြားဖို့ သိပ်မရှိဘူး။ ပရိသတ်က ထွက်လာမယ့် အဖြေက ဘယ်လို ဖြစ်မလဲဆိုတာ ကို ကျနော်လည်း မသိဘူး၊ ဒါပေမယ့် ပရိသတ်က ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်အသတ် ထောက်ခံတယ်။ မန္တလေး ဒေသကပေါ့၊ ကျနော် ဘာမှ မပြောရခင် သူတို့က ကိုယ်စားလှယ်လောင်း နဲ့ တွေ့ရတာ ၀မ်းသာတယ်။ မဲပေးမယ် စိတ်ချ၊ အဲ့လိုပြောတဲ့သူပဲ များတယ်။ အဲဒီတော့ မဲပြားမယ့် အလားအလာတော့ နည်းပါတယ်။ သူတို့က ပိုင်းဖြတ်ပြီးသား။”

မန္တလေး မဟာအောင်မြေမြို့နယ်မှာ မဲပေးနိုင်သူပေါင်း ၁သိန်း၃သောင်း လောက် ရှိတယ် လို့ သိရပါ တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013