DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်တွင် ကျေးလက်ငါးရိက္ခာဖူလုံရေး စပါးခင်းများအတွင်း ငါးမျိုးစိတ်ထည့်ပေး
DVB
·
September 11, 2017
ညောင်လေးပင်တွင် ကျေးလက်ငါးရိက္ခာဖူလုံရေး စပါးခင်းများအတွင်း ငါးမျိုးစိတ်ထည့်ပေး
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူတွေ ငါးရိက္ခာဖူလုံစေရေးအတွက်ရည်ရွယ်ပြီး စပါးခင်းတွေအတွင်း ငါးမျိုးစိတ်ထည့်ပေးတာကို စက်တင်ဘာ ၁၀ ရက်နေ့က ပြုလုပ်ပေးခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးမှူးက ပြောပါတယ်။

စပါးခင်းတွေအတွင်း ငါးမျိုးစိတ်တွေကို ကျေးရွာ ၁၀ ရွာမှ တောင်သူလယ်သမား ၃၀ ဦးကို လယ်တစ်ဧကကို ငါးကောင်ရေ ၅၀၀ နှုန်းနဲ့ ငါးခုံးမကြီးငါးအမျိုးအစား ၇၅၀၀၀ ကောင်ရေ လွှဲပြောင်းပေးအပ်ကာ ငါးမျိုးတွေ စိုက်ထည့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဆန်းဝင်းက “စပါးခင်းများအတွင်း ငါးမျိုးစိတ်ထည့်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ကျေးလက်ဒေသပြည်သူတွေ ငါးရိက္ခာလုံခြုံစေဖို့ အတွက်ပါ။ ကျနော်တို့ ငါးရိက္ခာ ထုတ်လုပ်တဲ့အခါကျတော့ သဘာဝပတ်ဝန်းကျင်ထဲက အင်းအိုင် ချောင်းမြောင်းတွေထဲက ထုတ်လုပ်တာရှိသလို ငါးမွေးကန်တွေ တူးဖော်ပြီးတော့ မွေးမြူထုတ်လုပ်တာတွေ ရှိတယ်။ လယ်ကွင်းတွေ လယ်ကြားမြောင်းတွေကနေ ငါးထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်ရတာ” လို့ ဒီဗွီဘီကိုပြောပါတယ်။

ရေထုညစ်ညမ်းတာ လူတွေရဲ့ မဆင်မချင် အလွန်အကျွံ ငါးဖမ်းဆီးတာ၊ တရားမဝင် ဘတ္ထရီ လျော့တိုက်အဆိပ်ချမိုင်းခွဲတာတွေကြောင့် ခုချိန်မှာ ငါးတွေ နေထိုင်ရာနေရာတွေ ပျောက်ဆုံးလာကာ ရေနေသယံဇာတများ ပျက်စီးလျော့နည်းလာခဲ့ပြီး ပြည်သူတွေအနေနဲ့လည်း ငါးသယံဇာတ ရေရှည်တည်တန့်စေဖို့ ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့လည်း ငါးလုပ်ငန်းဦးစီးဌာနက တိုက်တွန်းထားကြောင်း သိရပါတယ်။

သတင်း-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013