
မနေ့ညက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လုံခြုံရေး ရဲအင်အားအများအပြားနဲ့ မြို့ပတ် လှည့်ကင်းဆောင်ရွက်ခဲ့ပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့မှာ အကြမ်းဖက်သမားတွေက တိုက်ခိုက်မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ရဲတပ်ဖွဲ့ကား ၁၀ စီး၊ မော်တော်ဆိုင်ကယ် အစီး ၂၀ လောက်နဲ့ ကင်းလှည့်တာတွေ လုပ်ခဲ့ပါတယ်။
အလားတူ ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ မြို့တော်တော်များမှာပဲ လုံခြုံရေးအတွက် ကြပ်မတ် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး အကြမ်းဖက်သမားတွေက မြို့ကြီးတွေမှာ အကြမ်းဖက် ဖောက်ခွဲတာတွေ လုပ်လာနိုင်တယ်လို့ အစိုးရကလည်း သတိပေးထားပါတယ်။











