DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲစောင့်ကြည်ဖို့  အာဆီယံကို မြန်မာဖိတ်ခေါ်
DVB
·
March 20, 2012
ရွေးကောက်ပွဲစောင့်ကြည်ဖို့  အာဆီယံကို  မြန်မာဖိတ်ခေါ်
Donate to DVB

လာမယ့် ဧပြီ ၁ရက် ကြားဖြတ်ရွေး ကောက်ပွဲကို လာရောက် စောင့်ကြည့် လေ့လာဖို့ အာဆီယံကို မြန်မာအစိုးရက ဖိတ်ကြားလိုက်တယ် လို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး က ဒီနေ့  ကြေညာ လိုက်ပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ်ရုံး အနေနဲ့ အဖွဲ့ဝင် ၅ ဦး ပါ လေ့လာစောင့်ကြည့်ရေး အဖွဲ့ကို မြန်မာနိုင်ငံကို စေလွှတ် ဖို့  မြန်မာအစိုးရက ဖိတ်ကြားလိုက် တာ ဖြစ်ပြီး  ဒီ ကိုယ်စားလှယ်တွေ နဲ့ အတူ သတင်း မီဒီယာသမား ၃ ဦး လိုက်ပါနိုင်တယ် လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတိုင်း အနေနဲ့လည်း ပါလီမန် အမတ် ၂ ဦးနဲ့ အတူ သတင်းမီဒီယာ သမား ၃ ဦး အပါအ၀င် ရွေးကောက်ပွဲကို လာရောက် လေ့လာနိုင်တယ်လို့ သတင်း ကြေညာချက်မှာ ဖော်ပြ ပါတယ်။ အာဆီယံ လေ့လာစောင့်ကြည့်သူတွေ အနေနဲ့ ရန်ကုန်ကို မတ်လ ၂၈ ရက် အရောက် လာဖို့ မြန်မာက တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ တုန်းကတော့ ပြင်ပ လေ့လာသူတွေ  အနီးကပ် စောင့်ကြည့် လေ့လာ ခွင့် မရရှိခဲ့တဲ့ အတွက် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု အတွက် နိုင်ငံတကာက မေးခွန်းထုတ် ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ လက အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်ပစ်ဆူဝမ်ရဲ့ မြန်မာ ခရီးစဉ် မှာတော့ သမ္မတ ဦးသိန်းစိန်က အာဆီယံ လေ့လာသူတွေ ကို ရွေးကောက်ပွဲ စောင်ကြည့်ခွင့် ပေးဖို့ ကိစ္စ အလေးအနက် စဉ်းစားမယ် လို့ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013