DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးတွင် လူအုပ်စုဖြင့်ဝိုင်းအုံမှု ရဲတပ်ဖွဲ့က အချိန်မီတားဆီးနိုင်ခဲ့
DVB
·
September 11, 2017
တောင်တွင်းကြီးတွင် လူအုပ်စုဖြင့်ဝိုင်းအုံမှု ရဲတပ်ဖွဲ့က အချိန်မီတားဆီးနိုင်ခဲ့
1 / 7
Donate to DVB

တောင်တွင်းကြီးမြို့နယ်မှာ မနေ့ည ၉ နာရီလောက်က လူအုပ်စုနဲ့ ဝိုင်းအုံမှု ဖြစ်ပွားခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေက အချိန်မီ တားဆီးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ တောင်တွင်း-မကွေး ကားလမ်းပေါ်မှာ ဆိတ်သားလုပ်ငန်း လုပ်ကိုင်သူတယောက်ရဲ့ နေအိမ်အနားကို လူအုပ်စုက ခဲတွေနဲ့ ပစ်ပေါက်ပြီး ရွှေကြာအင်း (၁)ရပ်ကွက်ရှိ ဗလီဘက်ကို သွားရောက်ရာမှာ ရဲတပ်ဖွဲ့က ဗလီကို ပိတ်ဆို့ ကာကွယ်ခဲ့တယ်လို့ ဆိုထားပါတယ်။

အဲဒီ လူအုပ်စုဟာ ဗလီကို မဖျက်ရတဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တံခါးတွေ၊ ဈေးဆိုင်တွေကို ဖျက်ဆီးခဲ့ပါတယ်။

ဒါ့အပြင် ဗလီမြောက်ဘက် တောင်တွင်း-မကွေး ကားလမ်းပေါ်မှာ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ လူ ၇၀ လောက်နဲ့ လာရောက် ကြည့်ရှု့သူ လူ ၄၀၀ စုဝေးရောက်ရှိလာတဲ့အတွက် ဥပဒေနှင့်အညီ လူစုခွဲရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ဒိုင်းတွေနဲ့ ရာဘာကျည်ဆန် အသုံးပြု လူစုခွဲခဲ့ရတယ်လို့ ဆိုပါတယ်။

ခဲပစ်ပေါက်တဲ့အဖွဲက မောင်းတိုင် ၂ ရပ်ကွက်နေ နှင်းကိုကိုလင်းကို ဖမ်းဆီး ရမိကာ စစ်ဆေးနေပြီး ကနဦးစိစစ်ချက်အရ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေအပေါ် မကျေနပ်လို့ လုပ်ဆောင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေကို ရှာဖွေ ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေပြီး  ဆူပူမှုတွေ၊ ပဋိပက္ခတွေ ဖြစ်ပေါ်အောင်  သွေးထိုးလှုံ့ဆော်သူတွေကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဥပဒေနှင့်အညီ အေးချမ်းစွာ နေထိုင်ပြီး ကူညီကြဖို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံအနှံ့ မြို့ကြီးတွေမှာလည်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေ ချထားတာတွေ ရှိနေပါတယ်။

ဓာတ်ပုံ - သားကြီး (တောင်တွင်းကြီး)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013