DVB Logo
Home
မြန်မာသတင်း
ကော့သောင်းတွင် ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်ချထား
DVB
·
September 10, 2017
ကော့သောင်းတွင် ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်ချထား
1 / 4
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး မြို့နယ်အတွင်းကို အချိန်မရွေးဝင်ရောက်ပြီးတော့ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းတွေ လုပ်ကိုင်လာနိုင်တဲ့အတွက် ဒီရက်ပိုင်းအတွင်းမှာ လုံခြုံရေးတိုးမြှင့်ချထားရတာလို့ ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောမိုးရှေက ဒီဗွီဘီကို ပြောပါတယ်။

“ကော့သောင်းမြို့ကို ဝင်လို့ရတဲ့ ရေလမ်း၊ ကုန်းလမ်း ဝင်ပေါက်တလျှောက်မှာ ညဦးပိုင်းလှည့်ကင်း၊ ညနက်ပိုင်း လှည့်ကင်းတွေနဲ့ အရင်ကထက် လုံခြုံရေး အထူးကြပ်မတ်ဆောင်ရွက်ထားပါတယ်။ ကော့သောင်းမြို့ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေ ခိုအောင်းရာ ထိုင်းနိုင်ငံ တောင်ပိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် လုံခြုံရေးတိုးမြှင့်ရခြင်းဖြစ်ပါတယ်။“

မြို့အဝင်လမ်းတွေမှာ ညစဉ် ယာဉ်စစ်ဆေးမှုတွေကို ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေ၊ ယာဉ်ထိန်းအဖွဲ့၊ မီးသတ်၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ညစဉ်စောင့်ကြပ်စစ်ဆေးနေတယ်လို့ ရွှေပြည်စိုးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်က ပြောပါတယ်။

လတ်ကိုကိုဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013