DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး ပုသိမ်တွင် လူ ၂၀၀၀ ခန့် ဆန္ဒပြ (ရုပ်သံ)
DVB
·
September 10, 2017
ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး ပုသိမ်တွင် လူ ၂၀၀၀ ခန့် ဆန္ဒပြ (ရုပ်သံ)
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့  အစွန်းရောက်အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချတာနဲ့ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု အမြန်ရရှိရေးအတွက် ပုသိမ်မြို့မှာ ဒီနေ့ နေ့လယ်ပိုင်း လူအင်အား ၂၀၀၀ နီးပါး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေဟာ အစွန်းရောက်အကြမ်းဖက်အုပ်စုတွေ ထိုးနှက်မှုကို ရင်ဆိုင်ဖြေရှင်းနေရတဲ့အပြင် ဆင့်ကဲဖြစ်စဉ်တွေ မပေါ်ပေါက်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ ကြိုးပမ်းလုပ်ဆောင်နေတဲ့အပေါ်မှာ တိုင်းရင်းသားပြည်သူ တရပ်လုံးက သွေးစည်းညီညွတ်စွာ ပါဝင်ကြိုးပမ်းသွားဖို့ အရေးကြီးလို့ ဒီလိုပြည်သူဆန္ဒ ဖော်ထုတ်ပွဲ ကျင်းပရတာလို့ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးသီဟက ပြောပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ အစွန်းရောက်အကြမ်းဖက်ဝါဒ မှန်သမျှဆန့်ကျင်ကြောင်း၊ အကြမ်းဖက်မှုကိုနှိမ်နင်းနေတဲ့ ပြည်သူ့တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘေးကင်းပါစေ စတဲ့ကြွေးကြော်သံတွေနဲ့ ပုသိမ်မြို့ရှိ ပြည်ထောင်စုကွင်းမှ စတင်ကာ ပုသိမ်မြို့အနှံလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် ဆန္ဒထုတ်ဖော်မှုကို ငြိမ်းချမ်းစွာပြန်လည် ရုပ်သိမ်းခဲ့ကြတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ မြို့ခံ ဦးသန်းဝင်းက ပြောပါတယ်။

သတင်း - မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013