
အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာလာတဲ့ ဒေသခံ တိုင်းရင်းသား ပြည်သူတွေ နယ်မြေတည်ငြိမ် အေးချမ်းလာတဲ့အတွက် မူလနေရပ်တွေကို ပြန်လည် ပြောင်းရွှေ့ပေးနေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထား ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာလာတဲ့ ဒေသခံတိုင်းရင်းသား ပြည်သူတွေထဲမှာ ဘူးသီးတောင် နယ်မြေခံတပ်ရင်းမှာ ပြောင်းရွေ့နေထိုင်တဲ့သူတွေကို မူလ နေရပ်ကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
သရဖီကျေးရွာက ဒေသခံတိုင်းရင်းသား ပြည်သူ ၂၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေး လိုက်ပါပြီး နေရပ်တွေကို ပြောင်းရွှေ့ပေးခဲ့တာ ဖြစ်ပါတယ်။











