DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတိုးဂိတ်တွင် တရားမဝင် ကျွန်းတံခါးချပ်များ ဖမ်းမိ
DVB
·
September 10, 2017
တိုက်ကြီးတိုးဂိတ်တွင် တရားမဝင် ကျွန်းတံခါးချပ်များ ဖမ်းမိ
Donate to DVB

တိုက်ကြီးမြို့နယ် တိုက်ကြီးတိုးဂိတ်မှာ စက်တင်ဘာ ၉ ရက်နေ့ ည ၁၀ နာရီလောက်က တရားမဝင်ကျွန်းတံခါးချပ်တွေ တင်ဆောင်လာတဲ့ အိမ်စီးကားတစီး ဖမ်းမိကြောင်း တိုက်ကြီးမြို့နယ် သစ်တော ဦးစီးအရာရှိ ဦးစိုးမင်းသူက ဒီဗွီဘီကိုပြောပါတယ်။

ကျွန်းတခါးချပ်တွေ ဖမ်းဆီးမိတဲ့ ကားက IPSUM ခဲရောင် ကားအမျိုးအစားဖြစ်ပြီး ပြည်ဘက်မှ ရန်ကုန်ဘက် မောင်းနှင်လာတယ်၊ တရားခံက ထွက်ပြေးတိမ်းရှောင်သွားတယ်၊ တရားမဝင် ကျွန်းတံခါး အချပ်ဆိုဒ်စုံ ၆၉ ချက် တန် ၀.၇၇၆၄ တန်ဖြစ်ပြီး ကာလတန်ဖိုး ခြောက်သိန်းကျော် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

တရားမ၀င်ကျွန်းတံခါးချပ်တွေ ဖမ်းဆီးမိတာနဲ့ ပတ်သက်လို့ သစ်တော ဥပဒေ ပုဒ်မ ၄၃(က) နဲ့ တိုက်ကြီးမြို့မ ရဲစခန်းမှာ အမူဖွင့်ပြီး ပုဒ်မ ၄၇(ခ) အရလည်း တရားမဝင် ကျွန်းတံခါး ဆိုဒ်စုံတွေ တင်ဆောင်လာတဲ့ ယာဉ်အား ပြည်သူ့ဘဏ္ဍအဖြစ် သိမ်းဆည်းသွားနိုင်ဖို့ အမှုဖွင့် တိုင်ကြားထားကြောင်း ပြောပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013