Home
မြန်မာသတင်း
အကြားအမြင်ဗေဒင်ဆရာမကြီး အီးတီ ရုတ်တရက် ကွယ်လွန်
DVB
·
September 10, 2017
U T Khun Myat
21463215_1584018654981873_7678288764256490473_n
  ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနလုံးချင်းအိမ်ရာဝင်းနေ အကြားအမြင် ဗေဒင်ဆရာမကြီး ဒေါ်ဆွေဆွေဝင်း (ခ) အီးတီ ၅၈ နှစ်ဟာ စင်တင်ဘာ ၁၀ ရက်နေ့၊ မနက် ၄ နာရီ ၂၀ မိနစ်အချိန်လောက်က ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ဆရာမကြီးအီးတီ(ခ)ဒေါ်ဆွေဆွေဝင်း၏ တူတော်စပ်သူ သရုပ်ဆောင် စည်ဖြိုးက "အခုဖြစ်တာက အသဲအသန်ဖြစ်ပြီး ဆုံးသွားတာမဟုတ်ပါဘူး။ ဒီအတိုင်းပါပဲ။ ပြောရရင် သူ့ကို လာခေါ်သွားတာလို့တောင်ပြောလို့ရတယ်။ စိတ်ထဲမှာတော့ နောင်တရသလိုခံစားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျေးဇူးရှင်ကို ကျေးဇူးပြန်မဆပ်လိုက်ရသလို ခံစားရတယ်။ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်မှန်လုပ်၊ ကုတ်ကုတ်နေ ဆိုတဲ့ အန်တီ အမြဲဆုံးမခဲ့တဲ့ စကားကတော့ ကျနော့်ဘဝအတွက် အမြဲတမ်းအမှတ်ရနေမှာပါ" လို့ပြောပါတယ်။ အကြားအမြင်ဗေဒင်ဆရာမကြီး ဒေါ်ဆွေဆွေဝင်း(ခ)အီးတီရဲ့ ကြွင်းကျန်ရစ်ခဲ့တဲ့ ရုပ်အလောင်းအား စက်တင်ဘာ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်တွင် ရေဝေးသုသာန်မှာ ဆရာမကြီး၏သဘောဆန္ဒအတိုင်း ဂူသွင်းမြှုပ်နှံသွားမှာဖြစ်ပါတယ်။ သတင်း=ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024