DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် လယ်ယာမြေဥပဒေပြင်ဆင်ရေး ဆွေးနွေး
DVB
·
September 10, 2017
မြိတ်မြို့တွင် လယ်ယာမြေဥပဒေပြင်ဆင်ရေး ဆွေးနွေး
Donate to DVB

 

ပြည်သူ့လွှတ်တော်ရဲ့ကော်မတီနှစ်ရပ်ဥက္ကဋ္ဌတွေဟာ မြိတ်ခရိုင်ကတောင်သူတွေနဲ့ ၂၀၁၂ လယ်ယာမြေဥပဒေ ပြင်ဆင်ရေးနှင့် မြေယာအခွင့်အရေးအတွက် စက်တင်ဘာ ၉ ရက်နေ့မှာ လာရောက်ဆွေးနွေးခဲ့ပါတယ်။

မြိတ်မြို့၊ ပုလဲရတနာခန်းမမှာ ပြုလုပ်တဲ့ဆွေးနွေးပွဲကို ကျွန်းစု၊ ပုလောနှင့် တနင်္သာရီမြို့နယ်အတွင်းမှ တောင်သူများလည်း တက်ရောက်ခဲ့ပြီး ယခင်အစိုးရအဆက်ဆက်က သိမ်းဆည်းခံထားရတဲ့ လယ်ယာ/ဥယျာဉ်များနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

၂၀၁၂ လယ်ယာမြေ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ(ဥက္ကဋ္ဌ) ဦးကျော်မြင့် (ပြည်သူ့လွှတ်တော်) နှင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်တီ (ဥက္ကဋ္ဌ) ဦးရန်လင်း (ပြည်သူ့လွှတ်တော်) တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တောင်သူလယ်သမားနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (ဥက္ကဋ္ဌ) ဦးကျော်မြင့်က “ဦးသိန်းစိန်အစိုးရလက်ထက်မှာရေးဆွဲထားတဲ့ လယ်ယာမြေဥပဒေက NLD ရဲ့မူဝါဒနှင့်ကိုက် ညီမှုမရှိတဲ့အပြင် တောင်သူလယ်သမားတွေအတွက်လည်း အကျိုးမရှိတဲ့အတွက် ကျနော်တို့ ပြန်လေ့လာခဲ့ပါတယ်။ ကျနော်ဆိုရင် လယ်ယာမြေ စုံစမ်းရေးအဖွဲ့မှာ အတွင်းရေးမှူးအဖြစ် ၁၃ နှစ် တာဝန်ယူခဲ့ပါတယ်။ ဒီဥပဒေရေးဆွဲခဲ့တဲ့ သူတွေကို ကျနော်တို့ခေါ်ယူဆွေးနွေးပြီး လယ်ယာမြေဥပဒေပြင်ဆင်ဖို့ ဆောင်ရွက်နေတာပါ" လို့ ပြောပါတယ်။

မြိတ်ခရိုင်အတွင်းက တောင်သူတွေအနေနဲ့ စစ်အစိုးရလက်ထက်မှစတင်ပြီး သိမ်းဆည်းခံခဲ့ရတဲ့ မြေယာကိစ္စ၊ ဥပဒေရေးရာကိစ္စတွေကိုပြန်လည်ဆွေးနွေးခဲ့သလို ကျောက်ဖျာမြို့သစ်စီမံကိန်း၊ ဆီးအုန်းစီမံကိန်းတွေ၊ ပုလဲကုန်း၊ ကုန်းဖောက်၊ နည်းပညာတက္ကသိုလ်၊ ကျွန်းစုမြို့နယ်၊ ကောင်းကာင်းဂဏန်းကန်၊ မွေးမြူရေးဇုန်၊ စက်မှုဇုန်တို့နဲ့ ပတ်သက်ပြီး သိမ်းဆည်းခံထားရတဲ့ မြေတွေကို ပြန်လည်ရရှိရေးဆောင်ရွက်ပေးဖို့တင်ပြ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013