DVB Logo
Home
မြန်မာသတင်း
ARSA အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ရှုတ်ချကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့ ထုတ်ပြန်
DVB
·
September 10, 2017
ARSA အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ရှုတ်ချကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့ ထုတ်ပြန်
Donate to DVB

 

အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်တဲ့ ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ရှုတ်ချကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးက မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက် အဖွဲ့အစည်းက မြန်မာနိုင်ငံ မြို့ကြီးတွေမှာ အကြမ်းဖက်လုပ်ရပ်တွေ ကျုးလွန်ဖို့ ပြင်ဆင် လုပ်ဆောင်နေတယ်လို့ အစိုးရက ထုတ်ပြန်ထားတဲ့အတွက် စိုးရိမ်မကင်း ဖြစ်ရတယ်လို့လည်း ဆိုထားပါတယ်။

အခုလို အခြေအနေမျိုးမှာ လူမျိုးရေး၊ ဘာသာရေး ပြဿနာ ဖြစ်အောင် အင်တာနက် လူမှုကွန်ရက်တွေမှာ လှုံ့ဆော်ရေးသားနေတာတွေကိုလည်း အစိုးရအနေနဲ့ ကြပ်မတ် ကာကွယ် တားဆီးဖို့ လိုအပ်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုကို နှိမ်နင်းရာမှာ အပြစ်မဲ့ ပြစ်သူတွေကို ထိခိုက်နစ်နာမှု မရှိအောင် ဆောင်ရွက်ဖို့ လိုအပ်သလို အကြမ်းဖက် လုပ်ရပ်တွေကို ကာကွယ်တားဆီးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ အစိုးရအဖွဲ့တွေ၊ အရပ်ဖက် အဖွဲ့တွေ၊ ဘာသာပေါင်းစုံ ပြည်သူတွေနဲ့အတူ တသားတည်း လုပ်ဆောင်သွားမယ်လို့လည်း သဘောထား ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013