DVB Logo
Home
မြန်မာသတင်း
ပြည်တွင် လူများထိတ်လန့်အောင် ကောလာဟလဖြန့်ခဲ့သူများကို အရေးယူမည်
DVB
·
September 10, 2017
ပြည်တွင် လူများထိတ်လန့်အောင် ကောလာဟလဖြန့်ခဲ့သူများကို အရေးယူမည်
Donate to DVB

 

ပြည်မြို့မှာ လူတွေထိတ်လန့်အောင် ကောလာဟလဖြန့်ခဲ့သူတွေကို အရေးယူနိုင်ဖို့ စီစဉ်နေတယ်လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကောလာဟလတခုကြောင့် ပြည်မြို့က ကျောင်းတကျောင်းမှာ ကျောင်းသားမိဘတွေ စုရုံးရောက်ရှိလာသလို တခြားကျောင်းတွေမှာလည်း အထိတ်တလန့် ဖြစ်ခဲ့ကြတာပါ။

ပညာရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ အိန္ဒိယစက္ကူပန်းအလှပြတဲ့ ဟိန္ဒူလူမျိုးနှစ်ယောက်ရောက်လာတာကို ရွှေတံခါး အထက (ခွဲ) ကျောင်းက ဝင်ခွင့်မပြုပဲ အွန်လိုင်းမှာ အဲဒီအကြောင်း သတင်းရေးရာကနေ လူတွေထိတ်လန့်ခဲ့ကြတာပါ။

ပြည်မြို့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဇေယျက “ ဖြစ်စဉ်က ရိုးရိုးလေးပါ။ ဒါပေမယ့် အဲဒီနေ့ကတော့ စိုးရိမ်စရာပါပဲ။ မမှန်သတင်းကြောင့်ဖြစ်တာပါ” လို့ ပြောပါတယ်။

ဒါကြောင့် စက်တင်ဘာ ၉ ရက်က မြို့နယ်တာဝန်ရှိသူတွေ အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

“ကောလာဟလစတင်ခဲ့သူကို အရေးယူနိုင်ဖို့ မြို့နယ်အုပ်ချပ်ရေးမှူးက ဥပဒေအရာရှိကို တင်ပြပြီး ဥပဒေအကြံရယူမှာပါ။ ပြီးတော့ ထွေအုပ်၊ ရဲ၊ ပြန်ဆက်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့လည်း ဖွဲ့လိုက်ပါတယ်။ ဘယ်လိုကိစ္စမဆို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေ ပေးထားမယ်။ ဆိုရှယ်မီဒီယာက တဆင့် သတင်းမှန်တွေ ထုတ်ပြန်နိုင်ဖို့ အမြန်ဆုံးလုပ်ပါမယ်” လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ရထားတဲ့ သတင်းတွေအရ ပြည်မြို့က ဖြစ်စဉ်ကို မမှန်သတင်း စတင်ဖြန့်ဝေခဲ့သူ ၃ ယောက်ထက်မနည်းရှိပြီး အဓိကရုဏ်းဖြစ်အောင် ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နောင်မှာ ဒီလို မဖြစ်အောင် အရေးယူဖို့ စီစဉ်ရတာလို့လည်း သူက ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် ပြည်နဲ့ရွှေတောင် အပါအဝင် ပတ်ဝန်းကျင်မြို့တွေမှာပါ ကောလာဟလတွေ ပျံ့နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာပဲ မြို့တော်တော်များများမှာလည်း ပြည်သူတွေ အထိတ်တလန့် ဖြစ်စေတဲ့ ကောလာဟလတွေ ပေါ်ပေါက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013