DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၆ ဘီးကားအရှိန်လွန် တိမ်းမှောက်
DVB
·
September 9, 2017
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၆ ဘီးကားအရှိန်လွန် တိမ်းမှောက်
Donate to DVB

မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးအမြန်လမ်း ပေပင်ကံတံတား ဒီနေ့မနက်  ၇ နာရီလောက်က ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ပဲ တံတားအကာ ဘုတ်တိုင် ၆ ကို တိုက်မိ တိမ်းမှောက်ခဲ့ရာ လူ ၂ ဦး ဒဏ်ရာရသွားပါတယ်။

ဖြစ်စဉ်မှာ မန္တလေးကနေ ကုန်ပို့သွားတဲ့ ယာဉ်မောင်း ခင်မောင်ဝင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ ပေပင်ကံတံတား ဘုတ်တိုင် ၆ တိုင်လုံးကို ဝင်တိုက်မိပြီး တိမ်းမှောက်လို့ ကားပေါ်လူ ၃ ဦးပါတဲ့အနက် လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်လို့ သီးကုန်းအမြန်လမ်း ရဲစခန်းက ပြောပါတယ်။

စခန်းမှူး ရဲအုပ်သန်ထွန်းက “၆ ဘီးကားပေါ်မှာ ခင်မောင်ဝင်း၊ ခင်မောင်လင်း ဉာဏ်မင်းထွန်းတို့ ၃ ဦးပါလာတယ်၊ ၃ ဦးလုံး မြင်းခြံမြို့ကပါပဲ။ ရဲတပ်ဖွဲ့ဝင်တွေရယ် မီးသတ်အဖွဲ့ ကျန်းမာရေးအဖွဲ့နဲ့ သွားခဲ့တယ်၊ ခင်မောင်ဝင်း ဘယ်ဘက်ဒူး ဖူးရောင်နေတယ်၊ ခင်မောင်လင်းက ယာဘက်မျက်ခွံနဲ့ခြေသန်းကြွယ် ပွန်းပဲ့တယ်၊ ရဲတပ်ဖွဲ့ကားနဲ့ပဲ မိတ္ထီလာဆေးရုံပို့ပေးရတယ်” လို့ ပြောပါတယ်။

မိတ္ထီလာသီးကုန်းအမြန်လမ်းရဲစခန်းက ယာဉ်မောင်း ခင်မောင်ဝင်းကို ယာဉ်မဆင်မခြင် မောင်းလို့ ပြင်းထန်ဒဏ်ရာရမှု၊ သာမန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013