DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံလာသူ ၂ သိန်း ၇ သောင်းရှိပြီဟု ကုလထုတ်ပြန်
DVB
·
September 9, 2017
ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံလာသူ ၂ သိန်း ၇ သောင်းရှိပြီဟု ကုလထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ခိုလှုံလာသူတွေဟာ သီတင်း ၂ ပတ် အချိန်တိုအတွင်း ၂ သိန်း ၇ သောင်းထိ များလာခဲ့တယ်လို့ ကုလ ဒုက္ခသည်အေဂျင်စီက စက်တင်ဘာ ၈ ရက်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဘက်က အသစ် ထပ်ထွက်ပြေးလာသူတွေရဲ့ ဝန်စည်စလယ်တွေကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။

ဂြိုဟ်တုက ရိုက်ကူးတဲ့ပုံတွေမှာ ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်သုံးစွဲကြသူတွေ နေထိုင်တဲ့ မြန်မာနယ်စပ်က ကျေးရွာတစ်ရွာမှာ အဆောက်အအုံ ၄၅၀ လောက် မီးလောင်နေတဲ့ပုံတွေ ပြထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောပါတယ်။

အရင်နှစ်တွေကတည်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုဂယက်တွေကြောင့် လူတွေ ရာထောင်ချီ ထွက်ပြေးလာသူတွေကို အကူအညီပေးရေး အေဂျင်စီတွေနဲ့ အဖွဲ့အစည်းတွေက ခုထိကူညီပေးခဲ့တာပါ။

အများစုက ခိုနားစရာမရှိကြဘဲ အကူအညီပေးရေးအေဂျင်စီတွေက သောက်ရေသန့်၊ သန့်ရှင်းရေးပစ္စည်းတွေနဲ့ အစားအစာတွေကို ထောက်ပံ့ဖို့ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်က ရခိုင်ပြည်နယ်တွင်းက လုံခြုံရေးကင်းစခန်းတွေကို ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့လို့ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို အိုးအိမ်စွန့် ထွက်ပြေးကြသူတွေ များလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013