DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာသူများအတွက် ယာယီစုစည်းရာစခန်းများ ဖွင့်လှစ်မည်
DVB
·
September 9, 2017
နေရပ်စွန့်ခွာသူများအတွက် ယာယီစုစည်းရာစခန်းများ ဖွင့်လှစ်မည်
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာသူတွေအတွက် နယ်မြေ ၃ ခု ခွဲခြားပြီး ယာယီ စုစည်းရာ စခန်းတွေ ဖွင့်လှစ်သွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ခြမ်း မောင်တောဒေသအတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စနစ်တကျ ပေးအပ်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက ဆိုပါတယ်။

နေရပ်စွန့်ခွာရသူတွေဟာ ဘေးလွတ်ရာ အနှံ့အပြားကို ထွက်ပြေး တိမ်းရှောင်နေကြလို့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စနစ်တကျ လုပ်ဆောင်ပေးနိုင်ဖို့ မောင်တောမြောက်ပိုင်း၊ မောင်တော အလယ်ပိုင်းနဲ့ မောင်တောတောင်ပိုင်း ဆိုပြီး နယ်မြေ ၃ ခု ခွဲခြားပြီး ယာယီစုစည်းရာ စခန်းတွေ ဖွင့်လှစ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နေရာအနှံ့အပြား ထွက်ပြေးနေတဲ့ နေရပ်စွန့်ခွာသူတွေအတွက် မောင်တောမြောက်ပိုင်းမှာ လှိုင်သီ၊ တောင်ပြိုနဲ့ လက်ယာ နေရာ ၃ နေရာ၊ မောင်တော အလယ်ပိုင်းမှာ ဒါးကြီးစားနဲ့ ကျောက်လှေကား နေရာ ၂ နေရာ၊ မောင်တော တောင်ပိုင်းမှာ သင်္ဘောကွေနဲ့ သ၀န်ချောင်း နေရာ ၂ နေရာတို့မှာ ယာယီစုစည်းရာ စခန်းတွေ ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

အခုလို လုပ်ဆောင်တဲ့အတွက် နေရာအနှံ့ပြန့်ကျဲနေတဲ့ နေရပ်စွန့်ခွာသူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုံခြုံဘေးကင်းမှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ်လို့ ဖော်ပြထားပါတယ်။

ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နေရာအနှံ့အပြားကို နေရပ်စွန့်ခွာနေကြသူတွေအနေနဲ့ အနီးဆုံး ယာယီစုစည်းရာ စခန်းတွေကို ဆက်သွယ်သွားရောက် စုစည်းပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013